စကော့တလန်အသင်းနဲ့အတူ ပွဲထွက်ခွင့် ရရှိရေးဟာ သူ့ဘ၀အတွက် အဓိကရည်မှန်းချက်ဖြစ်ကြောင်း တွမ်မီနေးပြော

0
154

မတ် ၂၁ ၊ ၂၀၁၈

မန်ယူအသင်းရဲ့ ကွင်းလယ်လူ တွမ်မီနေးဟာ သူ့ဘ၀မှာ စကော်တလန် အသင်းနဲ့အတူ ပွဲထွက်ခွင့် ရရှိရေးဟာ အဓိက ရည်မှန်းချက်တစ်ခု ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၂၁နှစ်အရွယ်ရှိတဲ့ တွမ်မီနေးဟာ စကော့တလန်အသင်းနဲ့ အင်္ဂလန်အသင်းတို့မှာ ဘောလုံးကစားခွင့် ရရှိထားသူဖြစ်ပြီး သူဟာ စကော့တလန်နိုင်ငံအတွက်သာ ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တွမ်မီနေးဟာ လက်ရှိမှာ စကော့တလန်အသင်းအတွက် ရွေးချယ် ခံထားရပြီး လာမယ့် သောကြာနေ့မှာတော့ ကော်စတာရီကာနဲ့ ကစားမယ့် ပွဲစဉ်မှာ စကော့တလန်အတွက် စတင်ပွဲထွက်တော့မှာ ဖြစ်ပါတယ်။

“စကော့တလန်အသင်းရဲ့ နည်းပြကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကို အသင်းရဲ့လူစာရင်းမှာ ယုံကြည်စွာ ရွေးချယ်ခဲ့လို့ ဖြစ်ပါတယ်။ အားလုံးရဲ့ မျှော်လင့်ချက်တွေအတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ တွမ်မီနေးက ဆိုပါတယ်။

တွမ်မီနေးအနေနဲ့ စကော့တလန်အသင်းမှာ အရွေးချယ်ခံရတဲ့အတွက် ဖခင်ဖြစ်သူနဲ့ မိသားစုဝင်တွေဟာ ၀မ်းသာနေကြပါတယ်။ဒါ့အပြင် စကော့တလန်အသင်းအတွက် ထာဝရ ကစားခွင့် ရရှိအောင် အကောင်း ဆုံးခြေစွမ်းတွေကို ထုတ်ပြနိုင်ဖို့လည်း မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။

“ကျွန်တော်ဟာ စကော့တလန်လက်ရွေးစင်အသင်းမှာ ကစားခွင့်ရဖို့ အတွက် ငယ်ငယ်လေးကတည်းက အိပ်မက်မက်ခဲ့တာပါ။ အခု အသင်းရဲ့ နည်းပြက ကျွန်တော်ကို ရွေးချယ်လိုက်ပါပြီ။ ကျွန်တော့် အိပ်မက်တွေ ပြည့်ဝလာခဲ့ပါပြီ”လို့ တွမ်မီနေးက ဆိုပါတယ်။

NN

Leave a Reply