၂၀၁၈ ကမ္ဘာ့ဖလားမတိုင်ခင်မှာ အပြောင်းအရွှေ့အတွက် ဆုံးဖြတ်မယ် ဆိုတဲ့ ဂရက်ဇ်မန်း

0
180

မတ် ၂၁ ၊ ၂၀၁၈

အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး ဂရက်ဇ်မန်းဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမတိုင်ခင်မှာ ဆုံးဖြတ်ချက်ချသွားမယ်လို့ ဆိုပါတယ်။

ဂရက်ဇ်မန်းဟာ ရီးရဲမက်ဒရစ် ၊ ဘာစီလိုနာ ၊ မန်ယူ စတဲ့ အသင်းတွေနဲ့ သတင်းတွေ ထွက်နေခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အနာဂတ်အတွက် မည်သည့်မှတ်ချက်ကိုမှ ပြောဆိုထားခြင်း မရှိသေးပါဘူး။

ဂရက်ဇ်မန်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ အနီးစပ်ဆုံး အခြေအနေနဲ့ ကြုံခဲ့သော်လည်း အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကစားသမား ၀ယ်ယူခွင့် ပိတ်ပင်ခံခဲ့ရမှုကြောင့် သူဟာ အသင်းကနေ ထွက်ခွာမယ့်ကိစ္စကို နောက်ဆုတ်ခဲ့ပါတယ်။ သည့်နောက် မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂရက်ဇ်မန်းကို စာချုပ်အသစ်တစ်ရပ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။

“ကျွန်တော်အနာဂတ်ကို ကမ္ဘာ့ဖလား မတိုင်ခင်မှာ ဆုံးဖြတ်သွားမှာပါ”လို့ ဂရက်ဇ်မန်းက ပြင်သစ်သတင်းဌာန L’Equipe ကို ပြောပါတယ်။

ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ခေါင်းရှုပ်စရာတွေ မပါဘဲ အေးဆေးစွာ ၀င်ရောက်ယှဉ်ပြိုင်ချင်တ ယ်လို့ ၄င်းက ဆက်ပြောခဲ့ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ ဘယ်အသင်းကိုပြောင်းရွှေ့မလဲဆိုတဲ့ မေးခွန်းတွေကို ထပ်မံမမေးဖို့ တောင်းဆိုခဲ့ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာသမျှကို ပယ်ချထားတယ်လို့ ဂရက်ဇ်မန်းက ပြောခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ လက်ရှိမှာ ဒီယေဂိုကော်စတာကို တိုက်စစ်အတွက် အားဖြည့်ခဲ့တာကြောင့် ဂရက်ဇ်မန်းအနေနဲ့ အသင်းပြောင်းမယ်ဆိုရင် အဆင်ပြေနိုင်တဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း အသင်းရဲ့ တာဝန်ရှိသူတွေက ဂရက်ဇ်မန်းကို အသင်းကနေ ထွက်ခွာဖို့ မလိုလားကြဘူးလို့ သိရပါတယ်။

“ကော်စတာရောက်လာတာ ကျွန်တော့်အတွက် ပိုပြီးကောင်းသွားပါတယ်။ သူ့ကြောင့် ကစားရတာ ပိုပြီး လွတ်လပ်လာတယ်”လို့ ဂရက်ဇ်မန်းက ဆိုပါတယ်။

NN

Leave a Reply