PSG နဲ့သတင်းများကို ငြင်းထုတ်ခဲ့တဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကန်တီ

0
172

မတ် ၂၁ ၊ ၂၀၁၈

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကန်တီဟာ ပြင်သစ်ကလပ် PSG အသင်းကို လာမယ့်နွေရာသီမှာ ပြောင်းမယ်လို့ ကောလာဟလ ထွက်ပေါ်နေမှုအပေါ် ငြင်းချက်ထုတ်ခဲ့ပါတယ်။

ကန်တီက ချယ်လ်ဆီးအသင်းနဲ့ စတမ်းဖို့စ်ဘရိုက် ကွင်းဟာ သူ့ရဲ့ အ်မ်ပါလို့ ဆိုလိုက်ပါတယ်။သူ့ကို ငွေကြေးမြောက်များစွာနဲ့ ကမ်းလှမ်းလာမယ် ဆိုရင်တောင် ချယ်လ်ဆီးကနေ ထွက်ဖို့ မရှိဘူးလို့ ကန်တီက ဆိုလိုက်ပါတယ်။

“ဒီနေရာဟာ ကျွန်တော့်ရဲ့အိမ်ပါ။ ဒါဟာ ကျွန်တော့်ရဲ့ ကလပ်အသင်းပါ။ ကျွန်တော်ဟာ ချယ်လ်ဆီး ကစားသမားပါ။အခု ကျွန်တော်ဟာ ချယ်လ်ဆီး နဲ့ ဒုတိယ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေတယ်။ပြီးခဲ့တဲ့ နှစ်က ပျော်စရာတွေ သိပ်များခဲ့တယ်။ ကျွန်တော်တို့ အမှတ်ပေးဖလား ရခဲ့တယ်။ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဆင့်လေး နေရာအတွင်း ၀င်နိုင်ဖို့ ကြိုးစားနေကြတယ်”လို့ ကန်တီက ပြောပါတယ်။

ကန်တီဟာ လက်စတာအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို လက်စတာ၊ ချယ်လ်ဆီးတို့နဲ့အတူ (၂) နှစ်ဆက်တိုက် ရယူထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ယခုနှစ်အပြောင်းအရွှေ့သတင်းတွေမှာတော့ ကန်တီကို ပြင်သစ်ကလပ် PSG က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေ ထွက်ပေါ်လျှက်ရှိပါတယ်။

NN

Leave a Reply