အာရှဖလားခြေစစ်ပွဲ မြန်မာ့ရုပ်မြင်သံကြားနဲ့မြဝတီတို့မှ တိုက်ရိုက်ထုတ်လွှင့်မည်

0
172

မတ် ၂၂၊ ၂၀၁၈
မြန်မာဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်သော အာရှဖလား ခြေစစ်ပွဲ ပွဲစဉ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Partners ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း MFFမှ သတင်းရရှိသည်။

တောင်ကိုရီးယားနိုင်ငံ Incheon Football Stadium တွင် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂နာရီ ၃၀တွင် ယှဉ်ပြိုင်ကစားမည့် ကာဂျစ္စတန်နှင့် မြန်မာ အသင်းတို့ရဲ့ ယှဉ်ပြိုင်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် TV Partner ဖြစ်သည့် For Sport ရုပ်သံလိုင်း နှင့် မြန်မာ့ရုပ်မြင်သံကြား MRTV ၊ မြ၀တီ ရုပ်မြင်သံကြား MWD တို့မှ တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြေညာထားသည်။

MM

Leave a Reply