ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးတီခွန်​မြတ်အား ရွေးချယ်တင်မြှောက်

0
191

နေပြည်​​တော်​၊ ​မတ်​ ၂၂၊ ၂၀၁၈

မတ်လ ၂၂ ရက်နေ့ (ယနေ့)က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်အဝေးတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်​မြတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ရန်အတွက် ဦးတီခွန်​မြတ် (ကွတ်ခိုင်မဲဆန္ဒနယ် )နှင့် ဦးသောင်းအေး (ပျော်ဘွယ် မဲဆန္ဒနယ်)တို့အားမဲခွဲဆုံးဖြတ်ရာ ဦးတီခွန်​မြတ်ကို ထောက်ခံသည့်မဲ ၂၈၀ မဲ ဦးသောင်းအေး အားထောက်ခံသည့်မဲ ၁၄၁ တို့ရရှိခဲ့ရာမှ ဦးခွန်တီမြတ် အား ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် ဒုတိယဥက္ကဋ္ဌ အဖြစ်ရွေးချယ်ရာ ဦးထွန်းထွန်းဟိန် (နောင်ချို မဲဆန္ဒနယ်) နှင့် ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်) တို့ ၂ ဦးအား မဲခွဲဆုံးဖြတ်ရာ ဦးထွန်းထွန်းဟိန် အားထောက်ခံသည့်မဲ ၂၇၀ မဲ ဒေါက်တာမောင်သက်းအားထောက်ခံသည့်မဲ ၁၄၃ မဲ ရရှိသည့်အတွက် ဦးထွန်းထွန်းဟိန်အား ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ရွေးချယ်တင်မြှောက်ခံရသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်ဒုတိယ ဥက္ကဋ္ဌ တို့မှ ပြည်သူ့လွှတ်တော်သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအသစ်အား ပြည်သူ့လွှတ်တော်သဘာပတိမှ တာဝန်များ လွှဲပြောင်း ပေးအပ်ခဲ့သည်။

“မဲပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များအား ကျေးဇူးတင်ပါတယ်​။ ကျွန်တော်တို့ဟာပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည်နှင့်အညီ ​တွေးခေါ်
ကြံဆပုံ၊လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ဒီမိုကရေစီနည်းကျ လူ့အခွင့်အရေး စံနှုန်းများကို စံစားလိုကြတဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် စံနမူနာ ကောင်းတွေ ဖြစ်စေချင်ပါတယ်။ တစ်ဦးနှင့်တစ်ဦး သဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန် နားလည်ခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတော် နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကို သယ်ပိုးကြစေလိုပါတယ်” ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအသစ်ဖြစ်သော ဦးတီခွန်​မြတ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။

ပြည်​သူ့လွှတ်​​တော်​ဥက္ကဋ္ဌဖြစ်​လာသူ ဦးတီခွန်​မြတ်​မှာ ယခင်​က USDP ပါတီဝင်​​ဟောင်းတစ်​ဦးဖြစ်​ပြီး USDP ပါတီတွင်းပြဿနာများဖြစ်​ပွားပြီး​နောက်​ သူရဦး​ရွှေမန်းတို့နှင်​အတူ ပါတီမှထွက်​ခွာခဲ့သူတစ်​ဦး ဖြစ်​သည်​။

ပြည်​သူ့လွှတ်​​တော်​ဒုဥက္ကဋ္ဌ ဖြစ်​လာသူဦးထွန်းထွန်းဟိန်​မှာ NLD ပါတီ၏ ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​တစ်​ဦးဖြစ်​ပြီး ပြည်​သူ့လွှတ်​​တော်​ဥပ​ဒေကြမ်း​ကော်​မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်​သည်​။

ယဉ်​​ကေနွယ်

Leave a Reply