ဒုစ႐ိုက္မႈမ်ားေလ်ာ့နည္းပေပ်ာက္ေစေရး တိုင္းအစိုးရအဖြဲ႕က အထူးအေလးေပး ေဆာင္ရြက္ရန္ တိုက္တြန္းေၾကာင္းအဆို မန္းတိုင္းလႊတ္ေတာ္တြင္ ေဆြးေႏြးမည္

0
162

မႏၱေလး။ဒီဇင္ဘာ ၈။ ၂၀၁၇။

မႏၲေလးတိုင္းေဒသႀကီးအတြင္း အမ်ားျပည္သူလံုျခံဳစိတ္ခ်စြာ သြားလာႏိုင္ေရးႏွင့္ ခိုးမႈ ၊ လုယက္မႈ ႏွင့္ မုဒိမ္းမႈမ်ားေလ်ာ့နည္းပေပ်ာက္ေစေရး အတြက္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က အထူးအေလးေပး ေဆာင္ရြက္ရန္ တိုက္တြန္းေၾကာင္းအဆိုကို မန္းတိုင္းလႊတ္ေတာ္တြင္ ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာ ေဆြးေႏြးသြားမည္ျဖစ္သည္ ။

“မႏၲေလးၿမိဳ႕ကို ည အခ်ိန္ေတြမွာ တျခားၿမိဳ႕ေတြကေန ဝင္ထြက္သြားလာေနၾကတယ္ ။ အဲ့ဒီလိုသြားလာတဲ့အခ်ိန္မွာ လံုျခံဳမႈရွိဖို႔လိုတယ္ ။ အဆိုက မႏၲေလးတိုင္းေဒသႀကီး တစ္ခုလံုးနဲ႔ ဆိုင္ပါတယ္ ။ မႏၲေလးၿမိဳ႕ တစ္ၿမိဳ႕တည္းကို ေျပာျခင္းမဟုတ္ပါဘူး ။ မႏၲေလးမွာ မိန္းကေလးေတြကလည္း ဆိုင္ကယ္စီးၿပီး အလုပ္ျပန္ရတယ္ ။ အဲ့ဒီလိုအခ်ိန္အခါမွာ အင္မတန္သတိထားၿပီးသြားလာေနၾကတာကို ေတြ႕ရပါတယ္ ။” ဟု ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ က ေျပာသည္ ။

မႏၲေလးၿမိဳ႕ေပၚတြင္ ညအခ်ိန္ ႐ိုက္ႏွက္ခံရျခင္း ၊ လုယက္ခံရျခင္း စသည္တို႔ မၾကာခဏျဖစ္ပြားၿပီး တစ္ခ်ိဳ႕မွာ အမႈဖြင့္တိုင္ၾကားေသာ္လည္း တစ္ခ်ိဳ႕မွာ အမႈဖြင့္တိုင္ၾကားျခင္းမရွိ သျဖင့္ အမႈေလ်ာ့နည္းေၾကာင္း ထင္ျမင္ႏိုင္သည္ ဟု ယင္းက ဆက္ေျပာပါသည္ ။

“ကိစၥ ႀကီးငယ္ ျဖစ္လာမွ ရဲက လံုျခံဳေရး အင္အားမလံုေလာက္လို႔ပါ ။ လက္နက္ကိရိယာ ျပည့္စံုမႈမရွိလို႔ပါ ။ လူေတြကိုကလည္း ညအခ်ိန္မေတာ္သြားလာၾကလို႔ပါ ဆိုတာေတြက ျပႆနာကိုေျဖရွင္းတဲ့အေျဖမဟုတ္ပါဘူး ။ ဆင္ေျခလို႔ေျပာရမွာပါ ။” ဟု ဦးတင္ေအာင္ က ေျပာသည္ ။

ယင္းအဆိုကို ဒီဇင္ဘာလ ၈ ရက္ေန႔ က က်င္းပသည့္ ဒုတိယအႀကိမ္မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (စတုတၳေန႔) မွာ ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ က တင္သြင္းခဲ့ၿပီး ေအာင္ေျမသာစံၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေက်ာ္ဦး က ေထာက္ခံခဲ့ျခင္းျဖစ္သည္ ။

ႏိုင္လင္းဦး

မန္တလေး။ဒီဇင်ဘာ ၈။ ၂၀၁၇။

မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သူလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် ခိုးမှု ၊ လုယက်မှု နှင့် မုဒိမ်းမှုများလျော့နည်းပပျောက်စေရေး အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးအလေးပေး ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို မန်းတိုင်းလွှတ်တော်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဆွေးနွေးသွားမည်ဖြစ်သည် ။

“မန္တလေးမြို့ကို ည အချိန်တွေမှာ တခြားမြို့တွေကနေ ဝင်ထွက်သွားလာနေကြတယ် ။ အဲ့ဒီလိုသွားလာတဲ့အချိန်မှာ လုံခြံုမှုရှိဖို့လိုတယ် ။ အဆိုက မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးနဲ့ ဆိုင်ပါတယ် ။ မန္တလေးမြို့ တစ်မြို့တည်းကို ပြောခြင်းမဟုတ်ပါဘူး ။ မန္တလေးမှာ မိန်းကလေးတွေကလည်း ဆိုင်ကယ်စီးပြီး အလုပ်ပြန်ရတယ် ။ အဲ့ဒီလိုအချိန်အခါမှာ အင်မတန်သတိထားပြီးသွားလာနေကြတာကို တွေ့ရပါတယ် ။” ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် က ပြောသည် ။

မန္တလေးမြို့ပေါ်တွင် ညအချိန် ရိုက်နှက်ခံရခြင်း ၊ လုယက်ခံရခြင်း စသည်တို့ မကြာခဏဖြစ်ပွားပြီး တစ်ချို့မှာ အမှုဖွင့်တိုင်ကြားသော်လည်း တစ်ချို့မှာ အမှုဖွင့်တိုင်ကြားခြင်းမရှိ သဖြင့် အမှုလျော့နည်းကြောင်း ထင်မြင်နိုင်သည် ဟု ယင်းက ဆက်ပြောပါသည် ။

“ကိစ္စ ကြီးငယ် ဖြစ်လာမှ ရဲက လုံခြံုရေး အင်အားမလုံလောက်လို့ပါ ။ လက်နက်ကိရိယာ ပြည့်စုံမှုမရှိလို့ပါ ။ လူတွေကိုကလည်း ညအချိန်မတော်သွားလာကြလို့ပါ ဆိုတာတွေက ပြဿနာကိုဖြေရှင်းတဲ့အဖြေမဟုတ်ပါဘူး ။ ဆင်ခြေလို့ပြောရမှာပါ ။” ဟု ဦးတင်အောင် က ပြောသည် ။

ယင်းအဆိုကို ဒီဇင်ဘာလ ၈ ရက်နေ့ က ကျင်းပသည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) မှာ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် က တင်သွင်းခဲ့ပြီး အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး က ထောက်ခံခဲ့ခြင်းဖြစ်သည် ။

နိုင်လင်းဦး

 

Leave a Reply