စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်​​ခြေနီရန်ပုံငွေ ဈေးပွဲတော် ပထမဆုံးအကြိမ်​ ကျင်းပမည်

0
163

ရန်ကုန်၊ မတ်လ ၂၂ ၊ ၂၀၁၈

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ စစ်ဘေးရှောင်ပြည်သူများ အတွက် ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်ကို ကမ္ဘာ့ကြက်​​ခြေနီ​နေ့ အနီးဝန်းကျင်​တွင်​ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သွားရန်​ စီစဉ်​ထား​ကြောင်းမြန်​မာနိုင်​ငံ ကြက်​​ခြေနီအသင်း ဥက္ကဌ ပါ​မောက္ခ
ဒေါက်​တာ မြသူ က​ပြောသည်​။

အဆိုပါဈေးပွဲတော်မှ ရရှိလာသောရန်ပုံငွေများကို စစ်ဘေးရှောင် ပြည်သူများအတွက် ကြက်ခြေနီက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာ လုပ်ငန်းများတွင် ပြန်လည်အသုံးပြု သွားမည်ဖြစ်​ကြောင်းသိရသည်​။

“အသင်းအ​နေနဲ့ စစ်​​ဘေး​ရှောင်​ပြည်​သူ​တွေအတွက်​ လူမှုကရုဏာလုပ်​ငန်း​တွေကို ပိုမို​ဆောင်​ရွက်​​ပေးနို​င်​​အောင်​လို့ ရန်​ပုံ​ငွေမြှင့်​တင်​​ရေး​အ​နေနဲ့ ဒီပွဲ​လေးကို ကျင်းပဖို့ရည်​ရွယ်​ခဲ့ပါတယ်​။ ကုမ္ပဏီ​တွေ၊လုပ်​ငန်း ရှင်​​တွေ၊ အနုပညာရှင်​​တွေအ​နေနဲ့ ဒီပွဲ​လေးမှာ တစ်​ဖက်​တစ်​လမ်းက ပါဝင်​အားဖြည့်​​ပေးဖို့ တိုက်​တွန်း​လိုပါတယ်​။”ဟု ၎င်းက​ပြောသည်​။

အဆိုပါရန်ပုံငွေဈေးပွဲတော်တွင် နာမည်ကြီး ရုပ်ရှင် ဂီတအနု ပညာရှင် များမှ ​တေးဂီတများဖြင့် ​ဖျော်ဖြေတင်ဆက်ခြင်း၊သရုပ်ဆောင်များ ၊မော်ဒယ်များ၏ ဖက်ရှင်သရုပ်ပြအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များပြသခြင်း၊တိုင်းရင်းသား ရိုးရာအစားအစာများနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်းများတည်ခင်း ​ရောင်းချခြင်း၊ ကံစမ်းမဲ လက်မှတ်များ ရောင်းချကာ အဖိုးတန်ဆုမဲများမဲဖောက်ပေးခြင်း၊
နာမည်ကြီးအနုပညာရှင်များနှင့် အခြားသောအလှူ ရှင်များမှ လှူ
ဒါန်းသော Good Secondhand Shop များ ဖွင့်လှစ်ရောင်းချခြင်း၊
ကြက်ခြေနီအကြောင်းသိကောင်းစရာပြခန်းနှင့်ကြက်ခြေနီမှဆောင်ရွက်
နေသောလူမှုကရုဏာ လုပ်ငန်းများကြောင်းကို စိတ်ဝင်စားဖွယ် ရာပြကွက် များဖြင့်ခင်းကျင်းပြသခြင်း၊ဈေးနှုန်းအထူးသက်သာသော အဝတ်အထည် ၊အလှကုန် ၊လူသုံးကုန်များအား ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း တို့ကို ပြုလုပ်​သွားမည်​ဖြစ်​သည်​။

ကြက်​​ခြေနီလူမှုကရုဏာလုပ်​ငန်းများတွင်​ ကြက်​​ခြေနီ​စေတနာလုပ်​အားရှင်​များနှင့်​ လူငယ်​များပိုမိုပူး​ပေါင်းပါဝင်​လာ​စေရန်​၊အနာဂတ်​ရန်​ပုံ​ငွေ မြှင့်​တင်​ခြင်း လုပ်​ငန်းများနှင့်​ အ​ရေး​ပေါ်အ​ခြေ​နေများတွင်​ ပုဂ္ဂလိက စီးပွား​ရေး လုပ်​ငန်းရှင်​များနှင့်​ ပိုမိုပူး​ပေါင်း​ဆောင်​ရွက်​လာနိုင်​​စေရန်​၊ လူမှုကရုဏာ လုပ်​ငန်းများအတွက်​ နှစ်​စဉ်​လိုအပ်​လျှက်​ရှိ​သော
ရန်​ပုံ​ငွေ များကို တစ်​ဖက်​တစ်​လမ်းမှ ပိုမိုဖြည့်​ဆည်း​လာနိုင်​​စေရန်​နှင့်​ စစ်​​ဘေး​ရှောင်​ပြည်​သူများအတွက်​ လူမှုကရုဏာ အကူအညီများ ပိုမိုပံပိုး​ပေးနိုင်​​စေရန်​ စသည့်​ရည်​ရွယ်​ချက်​များဖြင့်​ ကျင်းပပြုလုပ်​မည်​ဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply