ထူးအိမ်သင်ချစ်သူများတွေ့ဆုံပွဲ ပြုလုပ်မည်

0
160

မန္တလေး၊ မတ် ၂၂၊ ၂၀၁၈

ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင် ကို လေးစားချစ်ခင်သည့်သူများ တွေ့ဆုံပွဲအား မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် မတ်လ ၂၄ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲသို့ အနယ်နယ်အရပ်ရပ်မှ ထူးအိမ်သင်ကို လေးစား ချစ်ခင် သည့်သူများ၊ အားပေးသည့် ပရိတ်သတ်များ တက်ရာက်နိုင်ရန် လူမှု ကွန်ယက်မှ တစ်ဆင့် ဖိတ်ခေါ်ထားပြီး ဂစ်တာ နှင့် အခြားဂီတ တူရိယာများ တီးမှုတ်မှုတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ထူးအိမ်သင်းကို အားပေး ချစ်ခင်တဲ့သူတွေ တွေ့နိုင်အောင် စီစဉ်တာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ထူးအိမ်သင်ရဲ့သီချင်းတွေ ဆိုမယ် တီးမယ် ။ နောက်ပြီး ထူးအိမ်သင် ရေးခဲ့တဲ့ ကဗျာတွေရွတ်မယ်” ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုစန်းယုအောင်က ပြောသည်။

ထို့အပြင် ထူးအိမ်သင်၏ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကိုလည်း သြဂုတ်လအတွင်း ကျင်းပနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

ဓာတ်ပုံ – Myu Hnget

Leave a Reply