လှည့်ကင်းတာဝန်ကျ ရဲတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

0
166

မန္တလေး၊ မတ် ၂၂၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးတွင် လှည့်ကင်းတာဝန် ထမ်းဆောင်နေသော ရဲအရာခံတစ်ဦးသည် မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန်က ကားတိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ပြင်စာကျေးရွာရဲစခန်းထံမှ သိရသည်။

ရဲအရာခံဗိုလ်ဇော်မိုးထွန်းသည် လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် လမ်းဖြတ်အကူးတွင် အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကာ ယာဉ်မောင်းမှာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

“တိုက်ခံရတော့ ကားဘောနပ်အဖုံးကနေ အတော်ဝေးဝေးပါသွားတယ်။ နောက်ပြန်ကျပြီး သေသွားတယ်။ ထွက်ပြေးတဲ့ သူကို လိုက်ဖမ်းတာ နှီး ဘုရားနားမှာ တရားခံကို ဖမ်းဆီးရမိတယ်” ဟု ပြင်စာကျေးရွာရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း ဦးလှမြင့်ကို ပြင်စာကျေးရွာရဲစခန်းတွင် ယာဉ် (ပ)၁၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply