မန်ချက်စတာယူနိုက်တက်မှ အမျိုးသမီးဘောလုံးအသင်း စတင် တည်ထောင်တော့ မည်

0
181

မတ် ၂၂ ၊ ၂၀၁၈

မန်ယူအသင်းဟာ သူတို့ရဲ့ ပထမဆုံးသော အမျိုးသမီးဘောလုံးအသင်းကို တည်ထောင်ဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဆီမှာ လိုင်စ်စတင်လျှောက်ထားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်က မန်ယူအသင်းရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် အမျိုးသမီး ဘောလုံးအသင်းကို တည်ထောင် တော့မယ်လို့ တရားဝင် ပြောဆိုခဲ့ပြီး အမျိုးသမီး လိဂ်ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

မန်ယူအသင်းဟာ ကမ္ဘာပေါ်က ကလပ်အသင်းတွေထဲမှာ အအောင်မြင်ဆုံး အသင်းတစ်သင်းအဖြစ် ပါဝင်နေသော်လည်း သူတို့မှာ အမျိုးသမီးဘောလုံး အသင်းလုံးဝမရှိတာက ထူးခြားမှုတစ်ခု ဖြစ်နေပါတယ် ။ယခုအခါမှာတော့ မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေဟာ အမျိုးသမီး ဘောလုံးအသင်း ထူထောင် ဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းအတွင်းက စတင်ပြီး ကြိုးစား လာခဲ့ကြပါတယ်။

ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် FA ရဲ့ခွင့်ပြုချက်ကို ရရှိခဲ့မယ်ဆိုရင် လာမယ့် လမှစတင်ကာ WSL2 ပြိုင်ပွဲရဲ့ ဒုတိယတန်း ကနေ စတင်ယှဉ်ပြိုင်ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

မန်ယူအမျိုးသမီးဘောလုံးအသင်းကို အရည်အသွေးမြင့် ကစားသမား များကို ခေါ်ယူ၍လည်းကောင်း ဘောလုံးအကယ်ဒမီမှ ထွက်ပေါ်လာသော အရည်အချင်းရှိသည့် အမျိုးသမီးကစားသမားများနဲ့လည်းကောင်း မန်ယူ အမျိုးသားဘောလုံးအသင်း ကျင့်သုံးနေတဲ့ စနစ်များအတိုင်း အကောင် အထည် ဖော်သွားမယ်လို့ အက်ဝုဒ်က ပြောကြားခဲ့ပါတယ်။

NN

Leave a Reply