အာဆင်နယ်ကိုစွန့်ခွာဖို့ အာစင်ဝင်ဂါးက တိုက်တွန်းခဲ့ဖူးကြောင်း ၀ီရှိုင်းယား ဖွင့်ဟ

0
176

မတ် ၂၂ ၊ ၂၀၁၈
အာဆင်နယ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ၀ီရှိုင်းယားက သူ့ကို နည်ပြအာစင်ဝင်းဂါးမှ အမ်းမရိတ်ကွင်းကို စွန့်ခွာဖို့နဲ့ အသင်းသစ်ရှာဖို့ တိုက်တွန်းခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဝီရှိုင်းယားဟာ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ လူစာရင်းမှာ မပါဝင်နိုင်စဉ် အာစင်ဝင်းဂါးက သူ့ထံသို့ ရောက်လာပြီး အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါပြောဆိုမှုကြောင့် ၀ီရှိုင်းယားဟာ စိုးရိမ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

“အသင်းရဲ့ ဂျင်မှာ စက်ဘီးစီးလေ့ကျင့်ခန်း လုပ်နေတုန်း အာစင်ဝင်းဂါးရောက်လာပြီး အသင်းသစ် ရှာဖို့ စပြောပါတယ်။ ပြီးတော့ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ ကျွန်တော်မပါတော့ဘူးလို့ ဆိုပါတယ်”ဟု ၀ီရှိုင်းယားက ဆိုပါတယ်။

အာစင်ဝင်းဂါးအနေနဲ့ ၀ီရှိုင်းယားကို ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းမှာ စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ ကြန့်ကြာ နေမှုကြောင့်ဖြစ်ပြီး စာချုပ်အသစ်မချုပ်ပါက အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အာစင်ဝင်းဂါးက ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ထိုအချိန်မှ စတင်ပြီး ၀ီရှိုင်းယားဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ သူ့အတွက် နေရာတစ်ခု ရရှိဖို့အတွက် ယုံကြည်ချက်ရှိရှိနဲ့ တိုက်ပွဲဝင်ခဲ့ပြီး နောက်ဆုံးမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပြန်လည်ရရှိလာခဲ့ပါတယ်။ ဒါ့အပြင် စာချုပ်အသစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့ပါတယ်။သူဟာ ယခင်က မကြာခဏ ဒဏ်ရာနဲ့ ရုန်းကန်နေခဲ့ရပြီး အာဆင်နယ်အသင်းရဲ့ အငှားချထားခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။

“အာစင်ဝင်းဂါးက လာပြောတဲ့အချိန်မှာ အရမ်းစိုးရိမ်သွားခဲ့တယ်။ စိတ်မကောင်းလည်း ဖြစ်ခဲ့မိတယ်”လို့ ၀ီရှိုင်းယားက ဆက်ပြောပါတယ်။

NN

Leave a Reply