စတုတ္စီးတီးတိုက္စစ္မွဴး ရွာကြီရီကို အလိုရှိနေတဲ့ ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုခ်ျ

0
166

မတ် ၂၂ ၊ ၂၀၁၈

ဆောက်သမ်တန်အသင်းရဲ့နည်းပြ မာ့ခ်ဟုခ်ျဟာ စတုတ်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ရှာကွီရီကို ပြောင်းရွှေ့ကြေး ပေါင် သန်း၂၀နဲ့ ခေါ်ယူနိုင်ဖို့ အလိုရှိနေပါတယ်။

ဆောက်သမ်တန်နည်းပြအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပထမဆုံး ခေါ်ယူမယ့်ကစားသမားဟာ ရှာကွီရီ ဖြစ်လိမ့်မယ်လို့ သတင်းတွေက ခန့်မှန်းနေကြပါတယ်။

မာခ်ဟုခ်ျဟာ စတုတ်နည်းပြအဖြစ်တာဝန်ယူစ ဉ်က ရှာကွီရီကို အင်တာမီလန်အသင်းကနေ စတင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယခုအခါ ဆောက်သမ်တန်နည်းပြဘ၀မှာလည်း ရှာကွီရီကို ထပ်မံခေါ်ယူလိမ့်မယ်လို့ သတင်းတွေက ရေးသားနေကြပါတယ်။

အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ ရှာကွီရီဟာ ဆွစ်နိုင်ငံသားတစ်ဦးဖြစ်ပြီး နည်းပြ မာခ်ဟုခ်ျနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ထွန်းတောက်လာတဲ့ ကစား သမားဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ စတုတ်စီးတီးရဲ့ လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့် မကြာခဏ ဆုံးရှုံးနေပါတယ်။

ဒါကြောင့် လာမယ့်နွေရာသီဈေးကွက်မှာ ဆရာဟောင်း မာ့ခ်ဟုခ်ျရှိတဲ့ ဆောက်သမ်တန်အသင်းကို ပြောင်းရွှေ့မလာဆိုတာ ဆက်လက် စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။

NN

Leave a Reply