ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာႏွစ္ရြာ ကမ္းပါးၿပိဳ ကာကြယ္ေရး အတြက္၂၀၁၈ – ၂၀၁၉ ခုႏွစ္ ဘ႑ာႏွစ္တြင္ လုပ္ေဆာင္မည္ 

0
175

မႏၱေလး။ဒီဇင္ဘာ ၈။၂၀၁၇။

မႏၲေလးခ႐ိုင္ ပုသိမ္ႀကီးၿမိဳ႕နယ္ ဧရာဝတီျမစ္ကမ္းေဘးရွိ ဆယ္ေတာေက်းရြာႏွင့္ ေတာင္စက္ရိပ္ေက်းရြာတို႔႐ွိ ကမ္းပါးၿပိဳေနမႈမ်ားအတြက္ ၂၀၁၈ – ၂၀၁၉ ခုႏွစ္ ဘ႑ာႏွစ္ သဘာဝေဘး ရန္ပံုေငြမွ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ဒီဇင္ဘာလ ၈ ရက္ေန႔ က က်င္းပခဲ့သည့္ ဒုတိယအႀကိမ္မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (စတုတၳေန႔) မွာ မႏၲေလးတိုင္းေဒသႀကီး လွ်ပ္စစ္ႏွင့္ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္ က ေျပာသည္ ။

ပုသိမ္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲမင္းဦး၏ ေမးခြန္းကို ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္ ။

“ေက်းရြာေတြအေနနဲ႔ ေရနက္စီးေၾကာင္းအနီးမွာရွိေနၿပီး ကမ္းပါးေျမသားက ႏုတဲ့အတြက္ ကမ္းၿပိဳရျခင္းျဖစ္တယ္ ။” ဟု မႏၲေလးတိုင္းေဒသႀကီး လွ်ပ္စစ္ႏွင့္ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္ က ေျပာသည္ ။

ဆယ္တာေက်းရြာမွာ ကမ္းၿပိဳအလ်ား ေပ ၉၀၀ ခန္႔ရွိၿပီး ေက်ာက္စီတမံ ေပ ၉၀၀ အတြက္ ခန္႔မွန္းကုန္က်ေငြ က်ပ္သန္း ၂၇၀ ကုန္က်မည္ျဖစ္ေၾကာင္း ၊ ေတာင္စက္ရိပ္ေက်းရြာမွာ ကမ္းၿပိဳအလ်ား ေပ ၉၅၀ ခန္႔ရွိၿပီး ေက်ာက္စီတမံ ေပ ၉၅၀ အတြက္ က်ပ္သန္း ၃၀၀ ကုန္က်မည္ျဖစ္ေၾကာင္း ခန္႔မွန္းတြက္ခ်က္ထားသည္ ။

“ဒီရြာႏွစ္ရြာက ႏွစ္စဥ္ကမ္းပါးၿပိဳက်မႈဒဏ္ခံေနရတဲ့ ရြာေတြျဖစ္တယ္ ။ ေက်းရြာကလူေတြကလည္း အေထာက္အထားေတြနဲ႔ တင္ျပလာတယ္ ။ ကြ်န္ေတာ့အေနနဲ႔ကြင္းဆင္းၾကည့္ၿပီး ကမ္းပါးနဲ႔နီးတဲ့အိမ္ေတြကိုေတာ့ ယာယီေရႊ႕ေျပာင္းထားဖို႔ ေျပာထားတယ္ ။” ဟု ပုသိမ္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲမင္းဦး က ေျပာသည္ ။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ႏွစ္စဥ္ မိုးရာသီ ေရႀကီးေသာအခ်ိန္မ်ားမွာ ကမ္းပါးမ်ားၿပိဳက်မႈမ်ားျဖစ္ပြားၿပီး ကမ္းပါးၿပိဳက်မႈ ကာကြယ္ေရးလုပ္ငန္းမ်ားကိုေတာ့ ပြင့္လင္းရာသီမ်ားမွာ လုပ္ေဆာင္ၾကေၾကာင္း သိရသည္ ။

ႏိုင္လင္းဦး

မန္တလေး။ဒီဇင်ဘာ ၈။၂၀၁၇။

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ဆယ်တောကျေးရွာနှင့် တောင်စက်ရိပ်ကျေးရွာတို့ရှိ ကမ်းပါးပြိုနေမှုများအတွက် ၂၀၁၈ – ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် သဘာဝဘေး ရန်ပုံငွေမှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့ က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) မှာ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောသည် ။

ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည် ။

“ကျေးရွာတွေအနေနဲ့ ရေနက်စီးကြောင်းအနီးမှာရှိနေပြီး ကမ်းပါးမြေသားက နုတဲ့အတွက် ကမ်းပြိုရခြင်းဖြစ်တယ် ။” ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောသည် ။

ဆယ်တာကျေးရွာမှာ ကမ်းပြိုအလျား ပေ ၉၀၀ ခန့်ရှိပြီး ကျောက်စီတမံ ပေ ၉၀၀ အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၂၇၀ ကုန်ကျမည်ဖြစ်ကြောင်း ၊ တောင်စက်ရိပ်ကျေးရွာမှာ ကမ်းပြိုအလျား ပေ ၉၅၀ ခန့်ရှိပြီး ကျောက်စီတမံ ပေ ၉၅၀ အတွက် ကျပ်သန်း ၃၀၀ ကုန်ကျမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားသည် ။

“ဒီရွာနှစ်ရွာက နှစ်စဉ်ကမ်းပါးပြိုကျမှုဒဏ်ခံနေရတဲ့ ရွာတွေဖြစ်တယ် ။ ကျေးရွာကလူတွေကလည်း အထောက်အထားတွေနဲ့ တင်ပြလာတယ် ။ ကျွန်တော့အနေနဲ့ကွင်းဆင်းကြည့်ပြီး ကမ်းပါးနဲ့နီးတဲ့အိမ်တွေကိုတော့ ယာယီရွှေ့ပြောင်းထားဖို့ ပြောထားတယ် ။” ဟု ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦး က ပြောသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ် မိုးရာသီ ရေကြီးသောအချိန်များမှာ ကမ်းပါးများပြိုကျမှုများဖြစ်ပွားပြီး ကမ်းပါးပြိုကျမှု ကာကွယ်ရေးလုပ်ငန်းများကိုတော့ ပွင့်လင်းရာသီများမှာ လုပ်ဆောင်ကြကြောင်း သိရသည် ။

နိုင်လင်းဦး

 

Leave a Reply