EITI ဒုတိယအကြိမ်အစီရင်​ခံစာကို ယခုလ ၃၀ရက်​တွင်​ တင်​ပြမည်

0
142

ရန်ကုန်၊ မတ်လ ၂၃ ၊ ၂၀၁၈

မြန်မာနိုင်ငံမှ နိုင်ငံတကာ EITI အဖွဲ့သို့ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI)ဒုတိယအကြိမ်အစီရင်ခံစာကို မတ်လ ၃၀ ရက်တွင် တင်ပြသွားမည်ဖြစ်​ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ အမှု​ဆောင်​ဒါရိုက်​တာ ဦးဝင်းမျိုးသူကပြောသည်။

ယင်းအစီရင်ခံစာတွင်​ သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပြု လုပ်ထားသည့် အကြောင်းအရာကိုထပ်မံထည့်သွင်းရေးဆွဲထား​ကြောင်းသိရသည်​။

“ကျွန်တော်တို့ EITI ပုံမှန်အဖွဲ့ဝင်ဖြစ်ဖို့အတွက် ဦးသိန်းစိန်လက်ထက် ကတော့ ပထမအစီရင်ခံစာကို တင်ထားတယ်။ အခုဒုတိယအစီရင်ခံစာတင်ဖို့ က ၃၀ ရက်နေ့ ကျွန်တော်တို့ တင်ရမှာ။ မတင်နိုင်ရင် ကျမှာလေ။ အဲ့ဒီတော့ အမှီတင်နိုင်အောင် လုပ်နေတယ်။” ဟု ၎င်းက​ပြောသည်​။

သစ်တောကဏ္ဍ၌ သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ မည်သို့စီမံဆောင်ရွက်နေ သည်ဟူသော ရှေးပြေးအစီရင်ခံစာကို တင်ပြသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် သစ်ထုတ်လုပ်မှုမှရရှိသော အခွန်ဝင်ငွေကို မည်ကဲ့သို့ စီမံဆောင်ရွက်မည်၊ သစ်ထုတ်လုပ်မှုကို မည်ကဲ့သို့ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်မည်စသည့် အချက်တို့ကို ထည့်သွင်းရေးဆွဲသွားမည်ဖြစ်​ကြောင်း
သိရသည်​။

လက်ရှိတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ် ရေးကဏ္ဍစသည်တို့ကို ဆောင်ရွက်လျက်ရှိ​ကြောင်း ၎င်းကဆိုသည်​။

“ဒီအစီရင်​ခံစာထဲမှာသစ်​​တောကဏ္ဍကိုလဲ ထည့်
သွင်းထားပါတယ်​။သစ်​​တောကထုတ်​ယူ​နေတဲ့သစ်​​တွေ ဘယ်​​လောက်​ထိပွင့်​လင်းမြင်​သာမှုရှိလဲ၊လုပ်ပိုင်​ခွင့်​​တွေချ​ပေးတဲ့​နေရာမှာ ဘ​လောက်​ထိပွက့်​လင်းမြင်​သာမှု​တွေရှိလဲ၊ရလာတဲ့အခွန်​ဘဏ္ဍာ​တွေကို ဘလိုစီမံခန့်​ခွဲလဲ၊ လက်​ရှိရှိ​နေတာနဲ့ ဘယ်​​လောက်​ထိ ခြားလဲတို့ပါတယ်​။”ဟု ဦးဝင်းမျိုးသူက​ပြောသည်​။

ထို့ပြင်​သယံဇာတ​များကို ထုတ်​ယူရာတွင်​ ရံပုံ​ငွေ​များကို ပွင့်​လင်းမြင်​သာမှုရှိစွာ သုံးစွဲရန်​နှင့်​ ဒေသခံ​ များနှင့်​ အရပ်​ဖက်​အဖွဲ့အစည်းများ၏ဆက်​စပ်​ဖြစ်​​ပေါ်​နေသည့်​ကိစ္စ​များကို တာဝန်​ယူမှု၊တာဝန်​ခံမှု ဖြစ်​ထွန်းနိုင်​​ရေးအတွက်​အ​လေးထား​ဆောင်​ရွက်​လျှက်​ရှိကြောင်း​သိရသည်​။

“နိုင်ငံတော်အဆင့်အနေ နဲ့ပွင့်လင်းမြင်သာမှု ရှိအောင် တိုးချဲ့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်
သက်ဆိုင်ရာ ဒေသဆိုင်ရာအစိုးရအဖွဲ့တွေရော အုပ်ချုပ်ရေးအဖွဲ့တွေရော အလေးထားလုပ်ဖို့တော့လိုမယ်။ မလုပ်ရင် ဟ ကုန်ရော။ နိုင်ငံတော်က လုပ်ချင်တာနဲ့ အောက်ခြေက လုပ်နေတာဟနေတော့ အဲ့ဒီအချိန်မှာတင် ဘယ်သူကြောင့် မလုပ်တာလဲဆိုတာ အပြန်အလှန်တွန်းထိုး လှုပ်ရှားနေတာတွေက ဘယ်သူ့အတွက်မှ မကောင်းဘူး။”ဟု ၎င်းက ပြောသည်။

လက်ရှိနိုင်ငံတာက EITI အဖွဲ့အစည်း သို့ တင်ပြရမည့် မြန်မာနိုင်ငံ EITI အစီ ရင်ခံစာကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နှင့်၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အတွက် တင်ပြရမည်ဖြစ်ပြီး ရာဘာကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ဟိုက်ဒရိုက်ပါဝါ၊ ဆီအုန်းစသည်တို့အပြင် သဘာဝသယံဇာတ မှတဆင့် ထုတ်ယူသောကဏ္ဍများအား တစ်ဖြည်းဖြည်းထည့်သွင်းရေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံ EITI ဖော်ဆောင်ရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသောအဖွဲ့အစည်းများမှမြန်မာနိုင်ငံတွင် EITI ဥပဒေမူဝါဒများ ချမှတ်နိုင်ရန်အတွက် လက်ရှိ ဥ ပဒေ၊ မူဝါဒများအား လေ့လာသုံးသပ်နိုင်ရန် ToR များကို အကြမ်းဖျင်း ဆွေးနွေးခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်
ငန်းများနှင့်ပတ်သတ်​သော အလုပ်ရုံဆွေးနွေးပွဲ
(SOE- Extractive Industry) ကျင်းပရန်အတွက် အဆိုပြုရေးဆွဲထားသော အလုပ်ရုံဆွေးနွေးပွဲ
အစီစဉ် စသဖြင့် ဆောင်ရွက်နိုင်ရန် ၁၂ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်း(MSG) အစည်း အဝေးကို မတ်လ(၁၆)ရက်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရ
သည်။

ဝေ​ဝေဖြိုး

Leave a Reply