ယခုဘ​ဏ္ဍာနှစ်​ မတ်​လကုန်​ထိ နို​င်​ငံခြားရင်းနှီး မြှုပ်​နှံမှုပမာဏ ကန်​​ဒေါ်လာ ၆ ဘီလီယံ​ကျော်​ဝင်​​ရောက်​ခဲ့

0
135

ရန်​ကုန်​၊ မတ်​လ ၂၃ ၊ ၂၀၁၈

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်​ မတ်​လကုန်​အထိပြည်​တွင်း သို့ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှု ပမာဏ ဝင်​​ရောက်​ခဲ့မှုမှာ အ​မေရိကန်​​ဒေါ်လာ(၆ ဒသမ ၁၁၅ )ဘီလီယံ ဝင်​​ရောက်​ခဲ့​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ ကုမ္ပဏီများ ညွှန်​ကြားမှု ဦးစီးဌာနမှသိရသည်​။

ယခုဘဏ္ဍာနှစ်​ မတ်​လကုန်​ထိ နို​င်​ငံခြားရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်း​ပေါင်း (၂၂၂ )ခုကို ခွင့်​ပြု၊အတည်​ပြု ​ပေးခဲ့ပြီး ရင်းနှီးမြှုပ်​နှံမှု တိုးမြှင့်​ခြင်း အပါအဝင်​ သီလဝါအထူးစီးပွား​ရေးဇုန်​တွင်​ ဝင်​​ရောက်​ခဲ့သည့်​ စုစု​ပေါင်းရင်းနှီးမြှုပ်​နှံမှု ပမာဏမှာ အ​မေရိကန်​​ဒေါ်လာ( ၆၁၁၅ ဒသမ ၄၇၆)သန်း ရှိခဲ့​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ ကုမ္ပဏီများ ညွှန်​ကြားမှု ဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​ ဦး​အောင်​နို်​င်​ဦးက​ပြောသည်​။

“ကျွန်​​တော်​တို့ ဒီဘဏ္ဍာနှစ်​မှာ လျာထားချက်​က အ​မေရိကန်​​ဒေါ်လာ သန်း ၆၀၀၀ ဖြစ်​ပါတယ်​။ လျာထားချက်​ကို ​ကျော်​လွန်​​အောင်​ ​ဆောင်​ရွက်​နိုင်​ခဲ့ပါတယ်​။”ဟု ၎င်းက​ပြောသည်​​။

မြန်​မာနိုင်​ငံသား ရင်းနှီးမြှုပ်​နှံမှုခွင့်​ပြု​ပေးခဲ့မှုမှာလုပ်​ငန်း​ပေါင်း (၁၁၉) ခု ရှိခဲ့ပြီး ရင်းနှီးမြှုပ်​နှံမှု တိုးမြှင့်​ခြင်းအပါအဝင်​ စုစု​ပေါင်း ပမာဏမှာ ကျပ်​ ဘီလီယံ​ပေါင်း ၃၉၇၈ ဝင်​​ရောက်​ခဲ့​ကြောင်း​သိရသည်​။

ထို့ပြင်​ ယခုလ ၂၀ရက်​က ပြုလုပ်​သည့်​ အစည်းအ​ဝေးအမှတ်​စဉ်​ (၄/၂၀၁၈)တွင်​ နို​င်​ငံခြားရင်းနှီးမြှုပ်​နှံမှုလုပ်​ငန်း​ပေါင်း (၁၆) ခု ခွင့်​ပြု၊/အတည်​ပြု ခဲ့ပြီး စက်​မှုကဏ္ဍ လုပ်​ငန်း ၁၀ ခု ၊အခြားဝန်​​ဆောင်​မှုကဏ္ဍ ၂ ခု၊ပို့​ဆောင်​​ရေးနှင့်​ဆက်​သွယ်​​ရေးကဏ္ဍ ၁ ခု ၊ ဟိုတယ်​နှင့်​ ခရီးသွားကဏ္ဍ၂ ခု နှင့်​ ​မွေးမြူ ​ရေးနှင့်​ ​ရေလုပ်
ငန်းကဏ္ဍ ၁ ခု တို့မှ ပြည်​တွင်းလုပ်​သားများအ တွက်​ အလုပ်​အကိုင်​အခွင့်​အလမ်း​ပေါင်း (၅၄၂၇) ခုကို ဖန်​တီး​ပေးနိုင်မည်​ဖြစ်​​ကြောင်း​သိရသည်​​။

ဝေ​ဝေဖြိုး

Leave a Reply