တနင်္သာရီတိုင်း​ဒေသကြီးအတွင်း ခွင့်​ပြုမိန့်​ ချ​ပေးထားသည့်​ ​ဆီအုန်းလုပ်​ငန်းများမှ​ မြေဧကအချို့ ပြန်​သိမ်းမည်

0
149

ရန်​ကုန်​၊ မတ်​လ ၂၃ ၊ ၂၀၁၈

တနင်္သာရီတိုင်း​ဒေသကြီးအတွင်းရှိ မြန်​မာနိုင်​ငံရင်း​နီးမြှုပ်​နှံမှု​ကော်​မရှင်​ (MIC) ၏ ခွင့်​ပြုမိန့်​ဖြင့်​ ​ဆောင်​ရွက်​​နေသည့်​ ဆီအုန်းလုပ်​ငန်း ၅ခု ထဲမှ ​​မြေဧက အချို့ကို ပြန်​လည်​သိမ်းဆည်းသွားမည်​ ဖြစ်​​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများညွှန်​ကြားမှုဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​ ဦး​အောင်​နိုင်​ဦးက​ပြောသည်​။

MIC ၏ ခွင့်​ပြုမိန့်​ဖြင့်​​ဆောင်​ရွက်​​နေသည့်​ လုပ်​ငန်း ၅ခုတွင်​ ခွင့်​ပြု ထား​သော ​မြေ​ဧကများထဲမှ ဆီအုန်းစိုက်​ပျိုးရန်​ မသင့်​သည့်​မြေ​များနှင့်
သစ်​​တော​ပေါက်​​ရောက်​သည့်​ မြေဧကအချို့ကို ပြန်​လည်​ သိမ်းဆည်း သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

“တနင်္သာရီတိုင်း​ဒေသကြီးထဲမှာ​တော့ ဆီအုန်း​လုပ်​တဲ့ လုပ်​ငန်း​တွေ အ​တော်​များများရှိပါတယ်​။အဲ့ထဲမှာ MICရဲ့ခွင့်​ပြု မိန့်​နဲ့​ဆောင်​ရွက်​တဲ့ လုပ်​ငန်း ၅ခုပဲရှိပါတယ်​။ MIC အဖွဲ့ဝင်​​တွေ စစ်​​ဆေးတဲ့အခါမှာ ၅ခုစလုံးက ပြန်​သိမ်းရမယ့်​ ဧက​တွေရှိပါတယ်​။အဲ့တာနဲ့ပတ်​သက်​ပြီး MIC အ​နေနဲ့ မ​ပေး သင့်​တဲ့​မြေ​တွေသစ်ကြီးဝါးကြီး​တွေ၊သစ်​​ကောင်းဝါး​ကောင်း​​တွေရှိ​နေတဲ့​မြေ​တွေကို ဆီအုန်းစိုက်​လိုက်​ရင်​အကျိုးရှိတာထက်​အကျိုးယုတ်​တာများမယ်​။ သစ်​​တော​ပေါက်​​ရောက်​တဲ့​နေရာမျိုး​တွေကို ပြန်​သိမ်းဖို့ဆုံးဖြတ်​ပါတယ်​။”ဟု ၎င်းက​ပြောသည်​။

ယင်းလုပ်​ငန်း ၅ခုနှင့်​ပတ်​သက်​ပြီး ပြီးခဲ့သည့်​လများကMICအဖွဲ့ဝင်​ဖြစ်​​သော သယံဇာတနှင့်​ သဘာဝပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးဌာနအမြဲတမ်း​အတွင်း ဝန် ​ဦး​ဆောင်​သည့်​ အဖွဲ့ နှင့်​ ယင်း​နေရာများကို ကွင်းဆင်း၍ ​ခွင့်​ပြုထား သည့်​ ဧကထဲမှ အမှန်​တကယ်​လုပ်​ကိုင်​​နေ​သော ဧကများ၊ ​​ပေးထားသည့်​ ဧရိယာအားလုံးကို ဆက်​လက်​ခွင့်​ပြုသင့်​၊မပြုသင့်​နှင့်​ တချို့ တစ်ဝက်​ကို ပြန်​လည်​သိမ်းဆည်းသင့်​လား ဟူ​သောကိစ္စရပ်​များကို စစ်​​ဆေး​ဆောင်​ရွက်​ခဲ့​ကြောင်းသိရသည်​။

“မူလ​ပေးသ​လောက်​​မြေကိုမ​ပေး​တော့ပါဘူး။ပေးသင့်​တဲ့​မြေကိုဆက်​​ပေးပြီး မ​ပေးသင့်​တဲ့​မြေကို ပြန်​လည်​သိမ်းယူဖို့ဆက်​လက်​​ဆောင်​ရွက်​သွားပါမယ်​” ဟု ဦး​အောင်​နိုင်​ဦးက​ပြောသည်​။

လုပ်​ငန်း ၅ခုလုံးရှိ ​မြေဧက​တော်​​တော်​များများကို ပြန်​သိမ်းဆည်​ရန်​ ဆုံးဖြတ်​ထားပြီး ​မြေသိမ်းဆည်း​ရေးလုပ်​ငန်းများနှင့်​ပတ်​သတ်ပြီး သမ္မတ ရုံးနှင့်​ စီးပွား​ရေး​ကော်​မတီတို့ကိုတင်​ပြ၍ အတည်​ပြုချက်​ရယူထားပြီးဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

ထို့ပြင်​ ယင်းကိစ္စနှင့်​ပတ်​သက်​ပြီးတနင်္သာရီတိုင်း အစိုးရ​၊ သယံဇာတနှင့်​ သဘာဝပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးဝန်​ကြီးဌာနမှ တာဝန်​ရှိပုဂ္ဂိုလ်​​များ၊စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်​ဆည်​​မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်​ ​ရှေ့​နေ ချုပ်​ရုံးကိုပါ ဖိတ်​ကြား၍ ဆက်​လက်​​ဆောင်​ရွက်​ရန်​ရှိ​ကြောင်း​သိရသည်​။

ဦးသိန်းစိန်​အစိုးရ လက်​ထက်​တွင်​ တနသာင်္ရီတိုင်း​ဒေသကြီးအတွင်း စိုက်​ပျိုး​ရေးအ​ခြေပြု စီးပွား​ရေးဖွံဖြိုးတိုးတက်​​ရေးများအတွက်​ တွန်​အား​ပေးသည့်​ အ​နေဖြင့်​ ရာဘာ၊ဆီအုန်း စသည့်​ စက်​မှုကုန်​ကြမ်း​သီးနှံစီမံကိန်းများ အတွက်​ ​မြေယာလုပ်​ပိုင်​ခွင့်​များကို ၂၀၁၁ခုနှစ်​မှ ၂၀၁၆ခုနှစ်​အထိ စုစု​ပေါင်း​ဧက၁ဒသမ၉သန်းအားပြည်တွင်းပြည်ပကုမ္ပဏီများကိုချထား​ပေးခဲ့ခြင်းဖြစ်
ကြောင်း​ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းနှင့် ပတ်သက်သည့် သုတေသန တွေ့ရှိချက် အစီရင်ခံ စာတွင်​​ဖော်​ပြထားသည်​။

အဆိုပါဆီအုန်းစိုက်ပျိုး​ရေးစီမံကိန်းကိုတနင်္သာရီတိုင်း​ဒေသကြီး၊​ကော့
သောင်းခရိုင်ဘုတ်​ပြင်မြို့နယ်၊ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲတွင်အ​ကောင် အထည်​ ​ဖော်​ ​ဆောင်​ရွက်​လျှက်​ရှိပြီး မြန်​မာ​အော်​တို​ကော်​ပို​ရေးရှင်း (MAC)မှာတနင်္သာရီတိုင်းအတွင်းဆီအုန်းစိုက်ပျိုးရန်​​မြေ​နေရာချထား​ပေး သည့်​ကုမ္ပဏီများအနက်​ အများဆုံးချ​ပေးခဲ့သည့်​ ကုမ္ပဏီတစ်​ခုဖြစ်​​ကြောင်း ယင်းအစီရင်​ခံစာတွင်​​ဖော်​ပြထားသည်​။

ဝေ​ဝေဖြိုး

Leave a Reply