ပုဂ္ဂိုလ်ရေး နှင့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေမည့် သံချပ်များ ခွင့်ပြုမည်မဟုတ်

0
148

မန္တလေး၊ မတ် ၂၃၊ ၂၀၁၈

မန္တလေးမြို့ မြို့တော်ဝန်မဏ္ဍာပ် သံချပ်ပြိုင်ပွဲတွင် ပုဂ္ဂိုလ်ရေး နှင့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေမည့် သံချပ်များ ခွင့်ပြုမည် မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ပြိုင်ပွဲဝင်မည့် သံချပ်အဖွဲ့များကိုလည်း ဖိတ်ခေါ်ထားပြီး အမှတ်ပေး စည်းမျဉ်းနှင့် အမှတ်ပေး၍ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

“အစိုးရဝေဖန်တာကတော့ ဘာမှမဖြစ်ပါဘူး ။ နိုင်ငံရေးသမားဆိုတာ ကတော့ အဝေဖန်ခံရလိမ့်မယ် ။ အပြုသဘောဆိုတဲ့ ဝေဖန်ချက်မျိုး ဘာမှပြဿနာမရှိပါဘူး ။ ဒါပေမယ့် အပြုသဘော မဟုတ်ပဲ အသား လွတ်ပြောတာဆိုတာတွေရှိပါတယ် ။ ခုတော်တော် ခေတ်စားနေတယ် ဖေ့စ်ဘုတ်ပေါ်မှာ ကျွန်တော်နာမည်တပ် မပြောချင်ပါဘူး”ဟု မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ထို့အပြင် မန္တလေးမြို့တွင် ယခင်နှစ်က စတင်ကျင်းပခဲ့သည့် လမ်းလျှောက်သင်္ကြန်ကိုလည်း ယခုနှစ်တွင် ပိုမိုစည်ကားအောင် ဆောင်ရွက်ထားပြီး နိုင်ငံခြားသားများ ဆွဲဆောင်နိုင်ရန် အတွက်လည်း တောသင်္ကြန်ညဈေးကိုလည်း စီစဉ်ထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply