အုပ်​ချုပ်​​ရေးမှူး ဝင်​​ရောက်​​ရွေးချယ်​သည့်​အ​ပေါ် တားမြစ်​ခံရခြင်းအား ဒိုက်​ဦး​ဒေသခံများ ဆန္ဒထုတ်​​ဖော်

0
184

ပဲခူး၊ မတ်​ ၂၃၊ ၂ဝ၁၈

ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူးအဖြစ်​ဝင်​​ရောက်​​ရွေးချယ်​မှုအား တားမြစ်​ခံထားရ သည့်​အ​ပေါ် ဒိုက်​ဦးမြို့နယ်​ သ​ပြေတန်း​ကျေးရွာအုပ်​စုမှ ​ဒေသခံ ၄ဝဝ ​ကျော်​က ယ​နေ့​နေ့လယ်​ပိုင်းတွင်​ ပဲခူးမြို့သို့ လာ​ရောက်​ကာ ဆန္ဒထုတ်​​ဖော်​ခဲ့ကြသည်​။

ထိုသို့ဆန္ဒထုတ်​​ဖော်​ရခြင်းမှာ ပြည်​သူလိုလားသည့်​ ကိုယ်​စားလှယ်​​ လောင်း ဦး​အောင်​စိုးအား သက်​ဆိုင်​ရာတာဝန်​ရှိသူများက ပြည်​သူ့ဆန္ဒကိုမျက်​ကွယ်​ပြုကာ ​ရွေးချယ်​ခံရန်​တားမြစ်​ခဲ့မှုအား မ​ကျေသည့်​အတွက်​ ဆန္ဒ ထုတ်​​ဖော် ​ရခြင်းဖြစ်​​ကြောင်း ၎င်းတို့က ဆိုသည်​။

အဆိုပါ ကိစ္စရပ်အတွက် တားမြစ်​ခံရသည့်​ ဦး​အောင်​စိုးသည်​ ယခင်​အုပ်​ချုပ်​​ရေးမှူးတာဝန်​ထမ်း​ဆောင်​စဉ်​က မြစိမ်း​ရောင်​ ရန်​ပုံ​ငွေအချို့ကို အလွဲသုံးခဲ့သည့်​အတွက်​ တားမြစ်​ခဲ့ရခြင်းဖြစ်​​ကြောင်း ဒိုက်​ဦးမြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ကောင်းမြတ်​ညီက​ ပြန်​လည်​​ဖြေကြားခဲ့သည်​။

မိုး​မြေ

Leave a Reply