မကွေးတိုင်း ၀န်ကြီးဦးနေမျိုးကျော်ကို ပါတီလုပ်ငန်းတာဝန်များမှရပ်ဆိုင်း
0
183
ရန်ကုန် ၊ ဒီဇင်ဘာ ၈။၂၀၁၇။
လှုမှုရေးပြဿနာများပေါ်ပေါက်ခဲ့သည့် မကွေးတိုင်းဒေသကြီး အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီးဦးနေမျိုးကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ၏ ပါတီလုပ်ငန်း တာဝန်များကိုထမ်း ဆောင်ခွင့်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ဦးဥာဏ်ဝင်းက ပြောသည်။
ပါတီစည်းကမ်းဖောက်ဖျက်သူများကိုအရေးယူဆောင်ရွက်နေပြီး တိုင်ကြားစာများကိုပါတီဗဟိုအနေဖြင့်စစ်ဆေးလျက် ရှိကြောင်း ဦးဥာဏ်ဝင်းကပြောသည်။
ကိုဥာဏ်
ရန်ကုန် ၊ ဒီဇင်ဘာ ၈။၂၀၁၇။
လှုမှုရေးပြဿနာများပေါ်ပေါက်ခဲ့သည့် မကွေးတိုင်းဒေသကြီး အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးဦးနေမျိုးကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ၏ ပါတီလုပ်ငန်း တာဝန်များကိုထမ်း ဆောင်ခွင့်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းက ပြောသည်။
“သူနဲ့ပတ်သတ်ပြီးလူမှုကိစ္စအရှုပ်အရှင်းတွေရှိလို့တိုင်ကြားထားတာ ရှိတယ်။အဲ့တာကိုစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးစစ် ဆေးတယ်။ အဲ့ဒီ အစီရင်ခံစာပေါ်မှာထွက်လာတဲ့ရလာဒ်ကို ဆုံးဖြတ်လိုက်တာ”ဟု ဦးဉာဏ်ဝင်းကအတည်ပြုပြောဆိုသည်။
၀န်ကြီးဦးနေမျိုးကျော်သည် အိမ်ထောင်ရေးဖောက်ပြန်မှုရှိသည် ဟုလှုမှုကွန်ယက်တွင်ပျံနှံ့ခဲ့ပြီး၎င်းနှင့်အတူအိမ်ထောင်ရေးဖောက်ပြန်နေ သည်ဟု အစွပ်စွဲခံရသည့်ပုဂ္ဂလိကဘဏ်ဝန်ထမ်းအမျိုးသမီးနှင့်အတူ ယခုနှစ်စက်တင်ဘာ ၂ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းစွပ်စွဲချက်များသည်အခြေအမြစ်မရှိကြောင်းပြန်လည်တုံ့ပြန်ခဲ့ဖူးသည်။
“ပါတီလုပ်ငန်းတာဝန်တွေကနေရပ်စဲလိုက်တယ်။ ၀န်ကြီးရာထူးက အနားပေးမှာလားဆိုတာတော့ ကျွန်တော်တို့ကိစ္စမဟုတ်ဘူး။ သူတို့သက်ဆိုင်ရာအစိုးရတွေရဲ့အလုပ်ပဲ”ဟု၎င်းကပြောသည်။
ပါတီစည်းကမ်းဖောက်ဖျက်သူများကိုအရေးယူဆောင်ရွက်နေပြီး တိုင်ကြားစာများကိုပါတီဗဟိုအနေဖြင့်စစ်ဆေးလျက် ရှိကြောင်း ဦးဉာဏ်ဝင်းကပြောသည်။
ကိုဉာဏ်
Leave a Reply