ရုပ်ရှင်လောကသားတွေကို ပစ်​မထားဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်

0
147

ရန်ကုန်၊ မတ် ၂၃၊ ၂၀၁၈

အစိုးရဖြစ်စေရန်အတွက် ကူညီခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အနုပညာ ရှင်များကို အစိုးရဖြစ်သည့်အချိန်တွင် ပစ်မ​ထားဘူးဆိုသည်ကို ပြချင်သည့်အတွက် အကယ်ဒမီပေးပွဲကို တက်ရောက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်က အမှာစကားတွင် ထည့်သွင်းပြောကြား သည်။

“ ဒီအခမ်းအနားကို တက်ရတဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ။ ကျွန်မတို့ကိုအများကြီးကူညီခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဟာ အစိုးရဖြစ် တဲ့အချိန်မှာ ပစ်ထားတယ်ဆိုတာကိုပြောတာ ပြန်ကြားရပါတယ်။ ပစ်ထားတာ မဟုတ်ပါဘူးဆိုတာပြချင်လို့ တက်တာပါ။ အခြေအနေအရ အလုပ်တွေအရသာ လှည့်မကြည့်ဖြစ်တာပါ။ အများကြီး ရုပ်ရှင်ပညာ ကိုတန်ဖိုးထားတယ်။ ရုပ်ရှင်လောကမှာ လုပ်ဆောင်နေသူတွေ အားလုံးကို တန်ဖိုးထားပါတယ်ဆိုတာ ဒီနေရာကနေပြောချင်ပါတယ်။ “ ဟု ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများ ကူညီကြစေရန်လိုအပ်ပြီး ရုပ်ရှင်အနုပညာရှင်များကလည်း ခေတ်နှင့်အညီပြောင်းလာကြရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် တက်ရောက်ခြင်းသည် ရုပ်ရှင်သမိုင်းတလျှောက် အစိုးရအဖွဲ့မှ အဆင်မြင့်ဆုံးပုဂ္ဂိုလ်​ တက်​​ရောက်​ခြင်းလည်း ဖြစ်​သည်​။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်လည်း တက်ရောက်ခဲ့သည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – အကယ်ဒမီဆုချီးမြင့်ပွဲ

Leave a Reply