အယ်လ်အေဂလက်စီ နဲ့သဘောတူခဲ့တဲ့ အီဗရာဟီမိုဗစ်

0
166

မတ် ၂၃၊ ၂၀၁၈

ပြီးခဲ့တဲ့ကြာသပတေးနေ့က မန်ယူအသင်းနဲ့လမ်းခွဲခဲ့တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီနဲ့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

ဥရောပတလွှားမှာ ဆုဖလားပေါင်း ၃၃ခုအထိရထားတဲ့ မိုဗစ်ဟာ မန်ယူအသင်းမှာ ဒဏ်ရာကြောင့် ပွဲထွက်ခွင့် ဆုံးရှုံးနေသူဖြစ်ပါတယ်။

သူဟာ လေ့ကျင့်ရေးကွင်းနဲ့ ဂျင်လေ့ကျင့်ခန်းတွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး ဒဏ်ရာကနေ ရုန်းထွက်ခဲ့ပါတယ်။ သို့သော်လည်း မန်ယူနည်းပြ မော်ရင်ဟိုရဲ့ နေရာပေးခြင်းကို မခံခဲ့ရသလို စာချုပ်အသစ် ချုပ်ဆိုဖို့လည်း အဆင်မပြေဖြစ်ခဲ့ရသူဖြစ်ပါတယ်။

အီဗရာဟီမိုဗစ်ဟာ အယ်လ်အေဂလက်စီ အသင်းမှာ ၁၈လ စာချုပ် ချုပ်ခဲ့ပြီး ဝင်ငွေအနေနဲ့ ပေါင် ၁ ဒသမ ၈ သန်း ရရှိမှာ ဖြစ်ပါတယ်။

အယ်လ်အေဂလက်စီ အသင်းအနေနဲ့ အီဗရာဟီမိုဗစ်ကို ခေါ်ယူနိုင်ဖို့ အချိန်ကြာမြင့်စွာ ကြိုးစားခဲ့ပြီး ယခုအခါ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

NN

Leave a Reply