မက်ဆီ ၊ ရော်နယ်ဒို တို့နဲ့ သူ့ကို မနှိုင်းယှဉ်ဖို့ ဒီဘရိုင်း ပြောဆို

0
168

မတ် ၂၃၊ ၂၀၁၈

ဘယ်လ်ဂျီယံ နဲ့ မန်စီးတီး အသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းဟာ သူ့ရဲ့ခြေစွမ်းကို မက်ဆီ ၊ ရော်နယ်ဒို တို့နဲ့ မနှိုင်းယှဉ်ဖို့ ပြောလိုက်ပါတယ်။

ဒီဘရိုင်းဟာ မန်စီးတီး အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြနေပြီး မန်စီးတီး နည်းပြ ဂွာဒီယိုလာက သူ့ကို မက်ဆီ၊ ရော်နယ်ဒို တို့လို ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။

ဒီဘရိုင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ မန်စီးတီးအတွက် ၁၁ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၉ကြိမ်ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် သူ့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် ချီးကျူးနေကြပါတယ်။

“တစ်ရာသီကို ၃၅ဂိုး ၊ ၃၇ ဂိုးလောက်အထိ သွင်းနေတဲ့ မက်ဆီ ရော်နယ်ဒို တို့နဲ့ ကျွန်တော့်ကို မနှိုင်းစေချင်ပါဘူး။ ကျွန်တော်တို့ ကစားရတဲ့ နေရာအနေအထား မတူကြပါဘူး။ သူတို့ဟာ အဆင့်မြင့်ကစားသမားတွေဖြစ်သလို ကျွန်တော့်ထက်ပိုပြီး ဂိုးတွေသွင်းထားနိုင်ကြပါတယ်။သူတို့က ဂိုး ၁၀၀ သွင်းထားပေမယ့် ကျွန်တော်က ၁၀ဂိုးလောက်ပဲ တစ်ရာသီမှာ သွင်းနိုင်ပါတယ်”လို့ ဒီဘရိုင်းက ဆိုပါတယ်။

ဒါပေမယ့်လည်း ဂွာဒီယိုလာကတော့ ဒီဘရိုင်းလို ကစားသမားမျိုးကို ထပ်ရှာဖို့ မဖြစ်နိုင်ဘူးလို့ ချီးကျူးခဲ့ပြီး သူဟာ တစ်ပွဲ နှစ်ပွဲ ခြေစွမ်းပြနေသူ မဟုတ်ဘဲ တစ်ရာသီလုံး အကောင်းဆုံး ခြေစွမ်းပြနေသူ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

NN

Leave a Reply