ကုမ္ပဏီဥပဒေသစ်​ အသက်ဝင်ပါက အွန်လိုင်းမှ အလွယ်​တကူ မှတ်​ပုံတင်​နိုင်​မည်

0
196

ရန်​ကုန်​၊မတ်​လ ၂၄ ၊၂၀၁၈

ကုမ္ပဏီဥပ​ဒေသစ်​ စတင်အသက်​ဝင်​ချိန်​တွင်​ကုမ္ပဏီ မှတ်​ပုံတင်​သည့်​ လုပ်​ငန်းများအားလုံးရုံးသို့လာစရာမလိုဘဲ အွန်​လိုင်းမှ အလွယ်​တကူ မှတ်​ပုံတင်​နိုင်သည့်​လုပ်​ငန်း​များကို ​ဆောင်​ရွက်​သွားနိုင်​မည်​ဖြစ်​​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ ကုမ္ပဏီများ ညွှန်​ကြားမှုဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​ ဦး​အောင်​နိုင်​ဦးက​ ပြောသည်​။

ထိုသို့ဆောင်​ရွက်​ရာတွင်​ ဖွဲ့စည်းပုံအ​ခြေခံစည်း​မျဉ်း​ကို ​ဒေါင်း​လော့ ရယူပြီး ​ဆောင်​ရွက်​၍ ရသကဲ့သို့ မိမိကိုယ်​တိုင်​ ဖွဲ့စည်းပုံ အ​ခြေခံစည်း​မျဉ်း​ရေးဆွဲပြီး​ မှတ်​ပုံတင်​၍လည်းရ​ကြောင်းသိရသည်​။

“ကုမ္ပဏီဥပ​ဒေသစ်အသက်​ဝင်​ကျင့်​သုံးနိုင်​ဖို့အတွက်​ကို လုပ်​စရာရှိတဲ့ ကိစ္စ​တွေ အားလုံး​ဆောင်​ရွက်​​နေပါတယ်​။ နောက်​ပိုင်း လုပ်​ငန်းရှင်​များ ကုမ္ပဏီမှတ်​ပုံတင်​တဲ့အခါမှာအလွယ်​တကူ ကိုးကားနိုင်​ဖို့အတွက်​ကို ကုမ္ပဏီရဲ့ဖွဲ့စည်းပုံ​တွေ၊အ​ခြေခံစည်းမျဉ်းကို ၂၀၁၈ခုနှစ်​ ဇန်​နဝါရီလကုန်​ကစပြီး ကျွန်​​တော်​တို့ Website မှာ တင်​ထားပါတယ်​။ မူကြမ်း​ရေးဆွဲထားတဲ့ သင်းဖွဲ့စည်း​မျဉ်း​ပေါ့​နော်။မူကြမ်း​ဆိုတာက​တော့ တချိန်​မှာကုမ္ပဏီမှတ်​ပုံတင်​တဲ့သူ​တွေ လွယ်​လင့်​တကူ အသုံးပြုလို့ရ​အောင်​ ဥပ​ဒေနဲ့အညီ ပြင်​ဆင်​​ပေးထားတဲ့
မူကြမ်းဖြစ်​ပါတယ်​။”ဟု ၎င်းက​ပြောသည်​။

ယင်းမူကြမ်း​ပေါ်တွင်​ အကြံပြုချက်​​များ​တောင်း​ခံခဲ့ရာ အဆိုပါအကြံပြုချက်​​များအ​ပေါ်အ​ခြေခံပြီး လိုအပ်
သည့်​ ပြင်​ဆင်​ဖြည့်​စွက်​မှု​များကို ​ဆောင်​ရွက်​၍ မတ်​လ၂၁ ရက်​က လုပ်​သည့်​ စီမံကိန်းနှင့်​ဘဏ္ဍာ​ရေးဝန်​ကြီးဌာန၏ အလုပ်​အမှု​ဆောင်​အစည်းအ​ဝေးတွင်​ အတည်​ပြု ​ပေးလိုက်​ပြီးဖြစ်ကြောင်းသိရသည်​။

လက်​ရှိကျင့်​သုံး​နေသည့်​ ကုမ္ပဏီဥပ​ဒေ​ဟောင်း​အရ ကုမ္ပဏီတစ်ခု ထူ​ထောင်​ရာ၌ သင်းဖွဲ့မှတ်​တမ်း စာရွက်​စာတမ်းများနှင့်​သင်းဖွဲ့စည်းမျဉ်း​လိုအပ်​ပြီး ယခုပြောင်းလဲကျင့်​သုံးမည့့် ဥပ​ဒေ​သစ်​ထဲတွင်​ စာရွက်​စာ
တမ်း၂စုံ မလို​တော့ဘဲကုမ္ပဏီ၏ ဖွဲ့စည်းပုံအ​ခြေခံစည်းမျဉ်းဟူ၍​ပြောင်းလဲလိုက်​​ကြောင်းသိရသည်​။

ကုမ္ပဏီဥပ​ဒေသစ်​ကျင့်​သုံးရာတွင်​လုပ်​ငန်းရှင်​များ အသုံးပြုနိုင်​မည့်​ကုမ္ပဏီများ၏ ဖွဲ့စည်းပုံအ​​ခြေခံစည်းမျဉ်းကို အတည်​ပြု ပြီးဖြစ်​​ပြီး ဥပ​ဒေသစ်​နှင့်​ပတ်​သက်​၍
ဆက်​လက်​ကျင့်​သုံး​ဆောင်​ရွက်​ရမည့်​ကိစ္စများ၊ ကုမ္ပဏီမှတ်​ပုံတင်ရာ၌ အသုံးပြုရမည့်​ပုံစံများနှင့်​အခြားလိုအပ်​သည့်​စည်းမျဉ်း​များကို ဆက်​လက်​​ရေးဆွဲ​နေ​ကြောင်း​၎င်းက​ပြောသည်​။

အဆိုပါလုပ်​ငန်း​များသည်​ ယခုနှစ်ဇူလိုင်​လတွင်​ အကုန်​ပြီးစီးမည်​ဖြစ်​​​သော​ကြောင့်​ ကုမ္ပဏီဥပ​ဒေသစ်​မှာ သြဂုတ်​လ ၁ရက်​တွင်​ စတင်​အသက်​ဝင်​မည်​ဖြစ်သည်​။

ထို့ပြင်​ ကုမ္ပဏီမှတ်​ပုံတင်​​ကြေး​များကိုလည်း လက်​ရှိ ကျပ်​ ၅သိန်းသတ်​မှတ်​ထားရာမှ ဧပြီလ ၁ရက်​မှစတင်​၍ ကျပ်​ ၂သိန်းခွဲသို့ ထက်​ဝက်​ ​လျှော့ချ​ ပြင်​ဆင်
သတ်​မှတ်​သွားမည်​ဖြစ်​​ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply