ဧရာဝတီတိုင်း ဖွံ့ဖြိုး​ရေး ပ​ရောဂျက်​ကို ယခုနှစ်​အတွင်း ​ဆောင်​ရွက်​မည်

0
150

ရန်​ကုန်​ ၊ မတ်​လ ၂၄ ၊ ၂၀၁၈

ဧရာဝတီတိုင်း​ဒေသကြီးအတွင်းရှိ ပင်​လယ်​ကမ်း​ခြေတွင်​ ဖွံဖြိုး​ရေး စီမံကိန်း ပ​ရောဂျက်​များကို ယခုနှစ်​ကုန်အတွင်း အ​ကောင်​အထည်​​ဖော်​ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း မြန်​မာနိုင်​ငံ ​ဆောက်​လုပ်​​ရေးဆိုင်​ရာလုပ်​ငန်းရှင်​များအသင်း​ချုပ်၏ အလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ဦးရဲလင်းက​ပြောသည်​။

တိုင်းအစိုးရ၏ ခွင့်​ပြုချက်​ဖြင့်​ ယင်းစီမံကိန်းကို အ​ကောင်​အထည်​​ဖော်​မည်​ဖြစ်​ပြီး စီမံကိန်း တစ်​ခုလုံးအတွက်​ အ​မေရိကန်​​ဒေါ်လာ ဘီလီယံ
၂၀၀ ​ကျော်​ခန့်​ ကုန်​ကျမည်​ဟု ခန့်​မှန်းထား​​ကြောင်း​သိရသည်​။

“ဒီစီမံကိန်းကို ဧရာဝတီတိုင်းရဲ့ ပင်​လယ်​ကမ်း​ခြေမှာ လုပ်​ဖို့အတွက်​ စီစဉ်​ထားပါတယ်​။စီမံကိန်း အဆင့်​ ၁ ကို ၂၀၁၈ခုနှစ်​ နှစ်​ကုန်​ပိုင်း​လောက်​မှာ စပြီးအ​ကောင်အထည်​​ဖော်မယ်။လမ်းစပြီးလုပ်ဖို့အတွက်စ​လေ့လာ​နေ တယ်​။အခု​လော​လောဆယ်​​တော့ တိုင်းထွာပြင်​ဆင်​မှု​တွေလုပ်​​နေတယ်​။ ၂၀၂၀ မတိုင်​ခင်​မှာ အဆင့်​ ၁ ပ​ရောဂျက်​ ပြီးဖို့ တွန်းတွန်းတိုက်​တိုက်​လုပ်​​နေကြပါတယ်​။”ဟု ၎င်းက​ပြောသည်​။

ယင်းစီမံကိန်း ပ​ရောဂျက်​တွင်​ Smart City ၊နိုင်ငံတကာ​လေ​ကြောင်း လိုင်းများ၊စီးပွား​ရေးဧရိယာ​များ၊အိမ်​ရာစီမံကိန်းများ၊ စက်​မှုအလုပ်​ရုံ များနှင့်​စွမ်းအင်​​သုံးပြီး ဓာတ်​အားထုတ်​လုပ်​သည့်​စီမံကိန်း​များ စသည့်​လုပ်​ငန်းများစွာ ပါဝင်​မည်​ဖြစ်​သည်​​။လက်​ရှိတွင်​ ကိုရီးယားကုမ္ပဏီတစ်​ခုမှလမ်းပိုင်းဆိုင်​ရာ​လေ့လာပြင်​ဆင်​မှု များ ပြုလုပ်​​နေရာ ၇၀ ရာခိုင်​နှုန်းခန့်​ ပြီးစီး​နေပြီဖြစ်​​ကြောင်းသိရသည်​။

“ရန်​ကုန်​မြို့ကြီး ၁ မြို့ထဲမှာ လူဦး​ရေ​တွေအများကြီး တိုးတက်​ကြပ်​​နေတာကို မဖြစ်​​စေချင်​ဘူး။ကျွန်​​တော်​တို့နိုင်​ငံကအကျယ်​ကြီးပါပဲ၊မိုင်​ ၁၂၀၀​ ကျော်​ရှည်​တဲ့ ကမ်းရိုးတန်းကြီးကို ပိုင်​ဆိုင်​ထားတယ်​။ ရန်​ကုန်​က​နေဆို ၂ နာရီ​လောက်​ကား​မောင်းရင်​​ရောက်​မယ့်​ ကမ်း​ခြေမှာ ဝန်​​ဆောင်​မှု​ကောင်းတဲ့ လမ်း​တွေတည်​​ဆောက်​မယ်​။ ကျွန်​​တော်​တို့ရည်​ရွယ်​ချက်​က ရန်​ကုန်​မြို့ကြီးတစ်ခုထဲမှာ လူ​​တွေတိုးပွား​ပြီးကြပ်​​နေမယ့်​အစား တကယ့်​​ရေခံ​မြေခံ​ကောင်းတဲ့ကမ်းရိုးတန်း​ဒေသ​တွေမှာ​ရော ​နေရာ​ဒေသအသီးသီးမှာ ပါ ဖြန့်​ပြီး​တော့ Smart City တည်​​ဆောက်​ဖို့အတွက်​ ကြိုးစားတာပါ။”ဟု ဦးရဲလင်းက​ပြောသည်​။

ထို့ပြင်​ စီမံကိန်းအတွက်​ ​ နိုင်​ငံ​တော်​အဆင့်သို့​ပြန်​လည်တင်​ပြပြီး လုပ်​ငန်း​များစတင်​နိုင်​ရန်​ ပြည်​တွင်း၊ပြည်​ပကုမ္ပဏီ​များနှင့်​ဆက်​လက်​ညှိနှိုင်း​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ကနဦးပ​ရောဂျက်​အ​နေဖြင့်​ အ​ဝေး​ပြေးလမ်း​မ ပြုလုပ်​ခြင်းကို လုပ်​​ဆောင်​မည်​ဖြစ်​ပြီး ယင်းလုပ်​ငန်းအတွက်​ အ​မေရိကန်​​ဒေါ်လာ မီလီယံ ၅၀၀ ခန့်​ ကုန်​ကျမည်​ဟု ခန့်​မှန်းထား​ကြောင်း ၎င်းက​ပြောသည်​။

အဆိုပါဧရာဝတီတိုင်း မြို့ပြဖွံ့ဖြိုး​ရေးစီမံကိန်းကို အဆင့်​ ၄ ဆင့်​ဖြင့်​ လုပ်​​ဆောင်​မည်​ဖြစ်​ပြီး အဆင့်​ ၁ ဆင့်​လျှင်​ ၅နှစ်​ စီမံကိန်းဖြင့်​ အ​ကောင်​အထည်​​ဖော်​ဆောင်​သွားမည်​ဖြစ်​သည်​။

ဝေ​ဝေဖြိုး

Leave a Reply