ဒီမိုကေရစီစနစ္ကို စိန္ေခၚမည့္ အရာမွာ အမ်ိဳးသားေရးဝါဒ ဟု မန္းဝန္ႀကီးခ်ဳပ္ ေျပာ

0
212

မႏၱေလး ။ဒီဇင္ဘာ ၈။ ၂၀၁၇။

ဒီမိုကေရစီစနစ္ကို စိန္ေခၚမည့္ အရာမွာ အမ်ိဳးသားေရးဝါဒျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ဒီဇင္ဘာလ ၈ ရက္ေန႔ က ေျပာၾကားခဲ့သည္ ။

“အခုဟာက ဒီမိုကေရစီကို အျမစ္တြယ္ေအာင္လုပ္ရမယ္ ။ အျမစ္ မတြယ္ေသးဘူး။ အခုက လမ္းေလွ်ာက္တုန္း အေဝးႀကီးေလွ်ာက္ဖို႔ က်န္ေသးတယ္ ။ အဲ့ဒီအတြက္ ညီၫႊတ္ဖို႔အေရးႀကီးတယ္ ။ ဒီမိုကေရစီကို စိန္ေခၚမွာ အမ်ိဳးသားေရးဝါဒက စိန္ေခၚမွာ ။ အဲ့ဒီအမ်ိဳးသားေရးဝါဒီဆိုတာ လံႈ႕ေဆာ္တာေတြ ဒီမိုကေရစီဆိုတာ အလယ္အလတ္ မဇၩိမပဋိပတာ ျပည္သူေတြကသာ အာဏာပိုင္ျဖစ္တယ္ ။” ဟု မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာသည္ ။

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အေနျဖင့္ လႊတ္ေတာ္သို႔ လာေရာက္ေလ့လာသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီက လူငယ္မ်ားကိုယခုကဲ့သို႔ ေျပာၾကားခဲ့ၿပီး ၄င္း၏ ဘဝအေတြ႕အၾကံဳမ်ား ကိုလည္း ေျပာျပခဲ့သည္ ။

“တို႔တုန္းက ဘယ္ေလာက္ထိဆင္းရဲခဲ့လည္းဆိုရင္ ေမာင္ႏွမအရင္းေတာင္ မေခၚရဲၾကဘူး ။ ဝန္ထမ္းေတြျဖစ္ေနေတာ့ ။ အခုက်ေတာ့လည္း တစ္မ်ိဳးေျပာင္းသြားၿပီ ။ ဒါေပမယ့္ ဘဘတို႔က ဒီေနရာရဖို႔ ဆိုၿပီး ႏိုင္ငံေရးလုပ္ခဲ့တာမဟုတ္ဘူး ။ ျပည္သူအတြက္ဆိုၿပီး တို႔ႏိုင္ငံတိုးတက္တက္ဖို႔ဆိုၿပီး လုပ္ခဲ့တာျဖစ္တယ္ ။” ဟု မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာသည္ ။

 

မန္တလေး ။ဒီဇင်ဘာ ၈။ ၂၀၁၇။

ဒီမိုကရေစီစနစ်ကို စိန်ခေါ်မည့် အရာမှာ အမျိုးသားရေးဝါဒဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီဇင်ဘာလ ၈ ရက်နေ့ က ပြောကြားခဲ့သည် ။

“အခုဟာက ဒီမိုကရေစီကို အမြစ်တွယ်အောင်လုပ်ရမယ် ။ အမြစ် မတွယ်သေးဘူး။ အခုက လမ်းလျှောက်တုန်း အဝေးကြီးလျှောက်ဖို့ ကျန်သေးတယ် ။ အဲ့ဒီအတွက် ညီညွှတ်ဖို့အရေးကြီးတယ် ။ ဒီမိုကရေစီကို စိန်ခေါ်မှာ အမျိုးသားရေးဝါဒက စိန်ခေါ်မှာ ။ အဲ့ဒီအမျိုးသားရေးဝါဒီဆိုတာ လှုံ့ဆော်တာတွေ ဒီမိုကရေစီဆိုတာ အလယ်အလတ် မဇ္ဈိမပဋိပတာ ပြည်သူတွေကသာ အာဏာပိုင်ဖြစ်တယ် ။” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လူငယ်များကိုယခုကဲ့သို့ ပြောကြားခဲ့ပြီး ၄င်း၏ ဘဝအတွေ့အကြုံများ ကိုလည်း ပြောပြခဲ့သည် ။

“တို့တုန်းက ဘယ်လောက်ထိဆင်းရဲခဲ့လည်းဆိုရင် မောင်နှမအရင်းတောင် မခေါ်ရဲကြဘူး ။ ဝန်ထမ်းတွေဖြစ်နေတော့ ။ အခုကျတော့လည်း တစ်မျိုးပြောင်းသွားပြီ ။ ဒါပေမယ့် ဘဘတို့က ဒီနေရာရဖို့ ဆိုပြီး နိုင်ငံရေးလုပ်ခဲ့တာမဟုတ်ဘူး ။ ပြည်သူအတွက်ဆိုပြီး တို့နိုင်ငံတိုးတက်တက်ဖို့ဆိုပြီး လုပ်ခဲ့တာဖြစ်တယ် ။” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

Leave a Reply