ငါး၊ပုစွန်​ ကုန်​​ချောထုတ်​ အ​အေးခန်းစက်​ရုံ တည်​​ဆောက်​​ရေး ၃နှစ်​အတွင်း အ​ကောင်​ထည်​​ဖော်​မည်

0
166

ရန်​ကုန်​၊ မတ်​လ ၂၄ ၊ ၂၀၁၈

ရန်​ကုန်​တိုင်း​ဒေသကြီးရှိ တွံ​တေးမြို့နယ်​တွင်​ ငါး၊ ပုစွန်​ ကုန်​​ချောထုတ်​ အ​အေးခန်းစက်​ရုံများ တည်​​ဆောက်​​ရေးလုပ်​ငန်းများကို ၃ နှစ်​အတွင်း အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးငါးလုပ်​ငန်းဦးစီးဌာနမှ တိုင်းဦးစီးဌာနမှူး ဦးထွန်းဝင်းမြင့်​ က​ပြောသည်​။

စက်​ရုံတည်​​ဆောက်​ခြင်းကို တွံ​တေးမြို့နယ်​ရှိ ​မြေဧက ၅၀၀​ပေါ်တွင်​ တည်​​ဆောက်​သွားရန်​အတွက်​ တိုင်းအစိုးရမှ သ​ဘောတူပြီးဖြစ်​ပြီး ပြည်​​ထောင်​စုအစိုးရသို့ တင်​ပြထား​ကြောင်းသိရသည်​။

“ဒီကိစ္စက ​မြေ​နေရာကိစ္စ​တွေ ညှိရမှာ ရှိ​သေးတယ်​။ အဲ့​နေရာ​တွေ မှာ ​နေထိုင်​တဲ့သူ ရှိ၊မရှိကို စစ်​​ဆေးပြီးမှ ​ပြောလို့ရမှာပါ။ပြည်​​ထောင်​စုအစိုးရက​ လိုအပ်​တာကို ကွင်းဆင်းစစ်​​ဆေးဖို့မှာထားတယ်​။ ဒါကို​ဆောင်​ရွက်​​နေတုန်းပဲရှိ​သေးတယ်​။ကန်​တူးမှာ​တွေ၊ ​ဆောက်​လုပ်​​ရေးလုပ်​ငန်း​တွေ၊​မြေ​နေရာ​တွေလုပ်​ဖို့က အချိန်​ယူရဦးမှာပါ။ဒါ​တွေကို အခုကျန်​ရှိ​သေးတဲ့ ​ဒီအစိုးရ သက်​တမ်း ၃နှစ်​အတွင်းမှာပဲ ​အ​ကောင်​အထည်​​ဖော်​မှာပါ။”ဟု၎င်းက​ပြောသည်​။

စက်​ရုံများတည်​​ဆောက်​ပြီးပါက ပြည်​ပသို့ ငါး၊ပုစွန်​ တင်​ပို့မှုအ​နေဖြင့်​ လက်​ရှိတင်​ပို့​နေသည့်​ ပမာဏ ထက်​ပိုမိုတင်​ပို့နိုင်ပြီး ဝင်​​ငွေလည်း ပိုမိုရရှိလာနိုင်​မည်​ဖြစ်​​ကြောင်း သိရသည်​။

ထို့ပြင်​ ခရမ်း၊သုံးခွနှင့်​ ကွမ်းခြံကုန်းမြို့နယ်​တို့ရှိ ​မြေဧက ၁​သောင်း​ပေါ်တွင်​လည်း တို​င်းအစိုးရအဖွဲ့၊ ငါးလုပ်​ငန်းဦးစီးဌာနနှင့်​မြန်​မာနိုင်​ငံငါးလုပ်​ငန်း အဖွဲ့ချုပ်​တို့ပူး​ပေါင်း၍ ငါး၊ပုစွန်​ ​မွေးမြူ ​ရေးဇုန်​​ဖော်​​ဆောင်​ရန်​ စီစဉ်​လျှက်​ရှိ​ကြောင်း​သိရသည်​။

ငါးလုပ်​ငန်းသည်​ ​မွေးမြူ ​ရေးကာလမှစ၍ ၃နှစ်​​အတွင်း တိုင်းပြည်​၏ GDP ကို များစွာတိုးတက်​သွား​စေနိုင်​ပြီး အလုပ်​အကိုင်​ အခွင့်​အလမ်း​များကို လည်း များစွာ​ပေးနိုင်​သည့်​ လုပ်​ငန်းတစ်ခုဖြစ်​​သော​ကြောင့်​ ငါးလုပ်​ငန်းနယ်​ပယ်​တွင်​ လက်​ရှိမွေးမြူ ​နေသည့်​စနစ်​​များကိုပြု ပြင်​​ပြောင်း လဲနိုင်​ရန်​ အတွက်​ ငါးလုပ်​ငန်း​အဖွဲ့ချုပ်​နှင့်​ညှိနှိုင်း​ပေါင်းစပ်ဆောင်​ရွက်သွား မည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်း က ​ပြောကြားထားသည်​။

“အ​အေးခန်း​တွေသယ်ယူပို့​ဆောင်တဲ့အ​ခြေ​နေ​တွေဒီဝန်​​ဆောင်မှုပိုင်း ​တွေကို ငါးလုပ်​ငန်းရဲ့ supply change တစ်ခုလုံး ပြု ပြင်​​ပြောင်း လဲနိုင်​ဖို့အတွက်​ ရန်​ကုန်​တိုင်းက​နေ စံပြဖြစ်​လာနိုင်​​အောင်​ ငါးလုပ်​ငန်းအဖွဲ့ချုပ်​နဲ့ ပ​ရောဂျက်​တခုကို ညှိနှိုင်း​နေပါတယ်​။ ဒီဟာကိုလဲပြည်​​ထောင်​စုအစိုးရကိုတင်​ပြထားပါတယ်​၊အမြန်​ဆုံးပြန်​လည်​ပြီး​တော့ ပြည်​​ထောင်​စုအစိုးရရဲ့သ​ဘောထား မှတ်​ချက်​နဲ့အညီ ဆက်​လက်​​ဆောင်​ရွက်​နိုင်​ဖို့လုပ်​​နေပါတယ်​။”ဟု ၎င်းကပြောသည်​။

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ငါးကန်​​ ဧရိယာပေါင်း ဧက ၈​သောင်း
ခန့်​ရှိပြီး တရားဝင်​အ​ရေအတွက်​မှာ ၄​သောင်း​ခန့် သာ​ရှိ၍ ကျန်​ရှိ သည့်​ ဧက ၄​သောင်း​ဝန်းကျင်​ကို တရားဝင်​ငါးကန်ဖြစ်​ရန်​အတွက်​စိစစ်​​နေ
ကြောင်း သိရသည်​။

“ဥပ​ဒေကို ချိုး​ဖောက်​ပြီး​တော့ ငါးကန်​ဖြစ်​​အောင်​လုပ်​လိုက်​မယ်​။ ပြီးမှပဲကြည့်​ပြီး​ဖြေရှင်းကြတာ​ပေါ့ဆိုတဲ့ နည်းလမ်း​တွေနဲ့​ဆောင်​ရွက်​​​နေမှု​တွေကို ဥပ​ဒေနဲ့အညီ အ​ရေးယူ​ဆောင်​ရွက်​နိုင်​ဖို့အတွက်​ ပြည်​​ထောင်​စုအစိုးရအဖွဲ့နဲ့ညှိနှိုင်း​ဆောင်​ရွက်​​နေပါတယ်​။လယ်​ဆည်​က​နေ​မြေယာကို သုံးစွဲ​နေမှုနဲ့ပတ်​သက်​ပြီး ၂၀၁၂ခုနှစ်​လယ်​ယာ​မြေ ဥပ​ဒေမှာဆိုရင်​ လယ်​ယာ​မြေကို အခြားနည်းလမ်းသုံးစွဲခွင့်​မရပဲနဲ့ ​ဆောင်​ရွက်​မယ်​ဆိုရင်​ ဒဏ်​​ကြေး​ရော ​ထောင်​​ရောချနိုင်​တဲ့အ​ခြေ​နေ​တွေရှိ
ပါတယ်​။ဒဏ်​​ကြေးနဲ့​ထောင်​ချပြီးရင်​ ဒီ​မြေကိုပြန်​ပြီး​တော့လယ်​ယာ​မြေပြန့်​ လုပ်​ရမှာဖြစ်​ပါတယ်​။ဒဏ်​​ကြေးနဲ့​ထောင်​ချပြီးရင်​ ငါးကန်​ဆက်​ဖြစ်​သွားမှာမဟုတ်​ပါဘူး။”ဟု ဝန်​ကြီးချုပ်​က​ပြောသည်​။

လက်​ရှိ ငါး​မွေးမြူ ​ရေးလုပ်​​ဆောင်​​နေခြင်းမှာသမားရိုးကျ ငါး​မွေးနည်းဖြင့်
မွေး​မြူ နေခြင်းဖြစ်​​သော​ကြောင့်​ ငါးကန်​များ၏ ထွက်​ရှိမှုနှင့်​ ထည့်​သွင်း ရသည့်​ အ​​ခြေ​နေကို ကြည့်​ပါက အမြတ်​စွန်းနည်းပါး​လျှက်​ရှိ​ကြောင်း
သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply