ပြင်​ဦးလွင်​အနီးစခန်း အနီး အပန်း​ဖြေဥယျာဉ်​ တစ်ခုဖွင့်လှစ်

0
220

မန္တလေး၊ မတ် ၂၄၊ ၂၀၁၈

မန္တ​လေး – ပြင်​ဦးလွင်​အဆင်းလမ်း မိုင်​တိုင်​ ၃၄ အနီးစခန်း ​လေဆိပ်​​ရှေ့ရှိ အာရှအလင်း​ရောင်​လမ်း​ပေါ်တွင် Cozy World အပန်း​ဖြေဥယျာဉ်​ကိုမတ်​လ(၂၄) ရက်​နေ့က ဖွင့်​လှစ်​ခဲ့သည်။

ယင်းအပန်းဖြေဥယျာဉ်ကို မြေဧက ၅ ဧက အကျယ်တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာမှ စတင်ပြုလုပ်ခဲ့ပြီး ​ရေလွှာ​လျှောစီး၊ ​ရေတံခွန်​၊ ကြိုးတံတား စ​တော်​ဘယ်​ရီစိုက်​ခင်း၊ နဂါး​မောက်​ခင်း၊ စပျစ်​ခင်း၊ဥယျာဉ်​ပန်းအလှစိုက်​ခင်း​များဖြင့် ဖန်တီးထားသည်။

အပန်းဖြေဥယျာဉ်သို့ လာရောက်လည်ပတ်သူများအနေဖြင့် ဝင်ကြေး တစ်ဦးလျှင် ၅၀၀ ကျပ်သတ်မှတ်ထားသော်လည်း ဧပြီလ တစ်လလုံးကို ဝင်ကြေးအခမဲ့ဖြင့် လာရောက်အပန်းဖြေနိုင်ကြောင်း အပန်းဖြေဥယျာဉ် ပိုင်ရှင် ကိုချမ်းငြိမ်းအောင် က ပြောသည်။

ပြင်​ဦးလွင်​မြို့တွင် သဘာဝ ဖြစ်ပေါ်နေသည့် လည်​ပတ်​စရာ​နေရာ​များ ​အော်​ဂဲနစ်​စိုက်​ခင်း​များ၊ ခြံ​များ၊ အပန်းဖြေစခန်းများ ပြုလုပ်ပြီး အပန်း​ဖြေ​နေရာများကိုတိုးချဲ့လျှက် ရှိကြသည်။

နိုင်လင်းဦး

Leave a Reply