ဦးဝင်းမြင့်သမ္မတဖြစ်ပါက လွှတ်တော်အပိုင်း၌ အားနည်းသွားနိုင်ဟု ဦးဝင်ထိန်ဆို

0
121

နေပြည်​​တော်​​၊ မတ်​ ၂၄ ၂၀၁၈

ဦးဝင်းမြင့်​အနေဖြင့် သမ္မတဖြစ်​ပါက လွှတ်​​တော်အပိုင်း၌ အားနည်းသွားနိုင်​သည်​ဟု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ဦးဝင်းထိန်​က ​ပြောကြားလိုက်​သည်​။

မတ်လ ၂၄ ရက်နေ့တွင် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးအပြီးသတင်းထောက်များ၏ မေးမြန်းမှုကို ပါတီဗဟို အလုပ်အမှုဆောင်အဖြစ်ရှိနေသေးသည့် ဦးဝင်းထိန်မှ ယခုကဲ့သို့ဖြေကြားခဲ့ခင်းဖြစ်သည်။

“ဦးထင်ကျော်နေမကောင်းဘူး။အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်တယ်။ ဦးထင်ကျော်ကလည်း သူ့ကျန်းမာရေးအရ ထွက်ချင်တယ်။ ထွက်တာ ကတော့ ကျန်းမာရေးအကြောင်းတော့မပြဘူး။ သူ့ဘာသူ ထွက်တဲ့ ပုံစံမျိုးပေါ့။ဦးဝင်းမြင့်သမ္မတဖြစ်သွားရင် လွှတ်တော်မှာတော့ အား နည်းသွားတာပေါ့။သူက ဥပဒေနားလည်တယ်”ဟု ဦးဝင်းထိန်က ပြောသည်။

ပါတီမှ နှုတ်ထွက်စာကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သို့ တင်ပြခဲ့ သော်လည်း လက်မခံသည့်အတွက် ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

“နှုတ်ထွက်စာတင်တာမှန်တယ်။ဒေါ်စုက လက်မခံလို့ပြန်လာတာ။ ဒေါ်စုခေါ်လို့ပြန်လာတာဆိုတော့ စီအီးစီတက်နေပြီပဲ”ဟု သတင်းထောက် များ၏ လက်ရှိတာဝန်နှင့် နှုတ်ထွက်စာတင်သည့်အပေါ် မေးမြန်းမှုအား ဦးဝင်းထိန်​က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌ အပြောင်းအလဲနှင့် နိုင်ငံတော်သမ္မတ အပြောင်း အလဲ သည် လွန်ခဲ့သည့် ၂ လလောက်ကတည်းက တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်ကြောင်းကိုလည်း ဦးဝင်းထိန်က ဖြေကြားခဲ့သေးသည်။

ဦးဝင်းထိန်သည် ယနေ့ မတ်လ ၂၄ ရက်နေ့က သြစတြေးလျ နိုင်ငံမှ မြန်မာနိုင်ငံသို့ (ရန်ကုန်)သို့ မနက်ပိုင်းက ရောက်ရှိခဲ့ပြီး နေ့လည်ပိုင်း၌ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် NLD လစဉ်ပုံမှန် CEC အစည်းအဝေးသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

နေပြည်​​တော်​​၊

မတ်​ ၂၄ ၂၀၁၈

ယဉ်​​ကေနွယ်

Leave a Reply