ဦးဝင်းထိန်အား မည်သည့်တာဝန်ထမ်းဆောင်ခွင့်ပြုမည်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆက်လက်ဆုံးဖြတ်မည်

0
144

နေပြည်​​တော်​၊ မတ်​ ၂၄၊ ၂၀၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ရှိတွင် ဗဟိုအလုပ်အမှုဆောင် တာဝန် ထမ်းဆောင်နေသည့် ဦးဝင်းထိန်အား ပါတီတွင် မည်သည့်တာဝန် ထမ်းဆောင်ခွင့်ပြုသွားမည်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှုဆောင်အဖွဲ့မှ ဆက်လက်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

”ဦးဝင်းထိန်က ဘယ်လိုတာဝန်ယူမယ်ဆိုတာ ကျွန်တော်တို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကဆက်လက်ပြီးဆုံးဖြတ်သွားမှာပါ။အခုထိတော့တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ သတင်းထုတ်ပြန်စရာ မရှိသေး ပါဘူး။ဘယ်တာဝန်ထမ်းဆောင်မယ်ဆိုတာ ဆုံးဖြတ်ရအုံး မှာပါ။ပြန်လည် ပြီး လာရောက်တယ်​ ကြိုဆိုတယ်။ ဒီလောက်ထိပဲ ​ပြောနိုင်ပါတယ်။ ကျွန်တော်တို့ မဆုံးဖြတ်ခင်အထိ နဂိုတာဝန်တွေပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ်တဲ့အခါ ဆုံးဖြတ်ထားတဲ့တာဝန်တွေကို ပြောင်းလဲတာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။ဆုံးဖြတ်ချက်ကိုတော့ ကြိုပြောလို့ မရပါဘူး။ အဖွဲ့ကဆုံးဖြတ်မှာပါ”ဟု အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

မတ်လ ၂၄ ရက်နေ့ကစည်ပင်ဧည့်ရိပ်သာ ၂ အတွင်း ကျင်းပပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး
တွင် သတင်းထောက်များ၏ ​မေးမြန်းမှုအား ဒေါက်တာမျိုးညွှန့်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ကျင်းပပြုလုပ်သည့်အစည်းအဝေးတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးလုပ်ငန်းသတင်းအချက်အလက်များ ဖြန့်ဝေသည့်လုပ်ငန်းအား စနစ်တကျလုပ်ဆောင်နိုင်ရန် ပါတီ၏တရားဝင်ပြောရေးဆိုခွင့်ရှိသူ ၂ ဦးအား သတ်မှတ်လိုက်ကြောင်းသိရသည်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူ ၂ ဦှးမှ မန္တလေးတိုင်းဝန်ကြီးချုပ်​ဒေါက်​တာ​ဇော်​မြင့်​​မောင်​နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်တို့ ဖြစ်​ကြသည်​။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ညီလာခံအား ဇွန်၊ဇူလိုင်လ အတွင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဒေါက်တာမျိုးညွှန့်က သတင်း​ထောက်​များ၏ ​မေးမြန်းချက်​အား ​ဖြေကြားခဲ့သည်​။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအားတိုင်ကြားထားသည့်စာ ၃၀၀ ကျော်ရှိသည့်အနက် တိုင်ကြားစာ ၅ စောင်အား ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်ခံယူကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယဉ်​​ကေနွယ်

Leave a Reply