တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း တည်​​ဆောက်​ရန်​ ရင်းနှီးမြှုပ်​နှံသူများ ဖိတ်​​ခေါ်မည်

0
196

ရန်​ကုန်​၊ မတ်​လ ၂၄ ၊ ၂၀၁၈

တရုတ် – မြန်မာ စီးပွားရေးစင်္ကြန်လမ်းကို နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်း၍ တည်​ဆောက်​သွားမည်​ဖြစ်​သော​ကြောင့် တည်ဆောက်ရန်အတွက် တရုတ် – မြန်မာစီးပွားရေးလုပ်ငန်းရှင်များအပြင် အခြားရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာနမှညွှန်​ကြား​ရေးမှူးချုပ်​ ဦး​အောင်​နိုင်​ဦးက​ပြောသည်​။

အဆိုပါ စီးပွားရေးစင်္ကြန်နှင့်ဆက်စပ်၍ မြို့ပြအိမ်ယာများ၊ စက်မှုဇုန်များ၊ စိုက်ပျိုးရေးဇုန်များ၊ IT လုပ်ငန်းကဏ္ဍ၊ ကုန်သွယ်မှုနှင့် ပတ်သက်သော ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍ၊ နယ်စပ် ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍစသည့် ကဏ္ဍများပါဝင်မည်ဖြစ်​သည်​။

“ တရုတ်နိုင်ငံ – မြန်မာနယ်နိမိတ်ကနေ စပြီးတော့ ရန်ကုန်အထိ စင်္ကြန် တည်ဆောက်ဖို့ ရှိပါတယ်။ အဲ့ဒီထဲမှာ ကဏ္ဍတွေအများကြီး ပါတယ်။ ဒီစီးပွားရေးစင်္ကြန်ဖြစ်တဲ့အတွက် သူကအခြေခံအဆောက်အအုံ သက်သက်မဟုတ်ဘူး။”ဟု ၎င်းက​ပြောသည်​။

နှစ်နိုင်​ငံစီးပွား​ရေး စင်္ကြန်​တည်​​ ဆောက်​ခြင်းဖြင့်မြန်​မာနို​င်​ငံ၏ အခြေခံ အဆောက်အအုံဖြစ်သည့်​ ရထားလမ်းများ၊ကားလမ်းများ၊ ဆိပ်ကမ်း များ​ပေါ်​ပေါက်​လာမည်​ ဖြစ်​ပြီး နှစ်​နိုင်​ငံ ပူး​ပေါင်း​ဆောင်​ရွက်​မည့်​အပြင်
နိုင်​ငံတကာ ရင်းနှီးမြှုပ်​နှံသူများဖိတ်​​ခေါ်၍ တိုင်းပြည်​အတွက်​ အကျိုးရှိမည့်​ ကိစ္စအားလုံးကို ပူး​ပေါင်း​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

တရုတ် – မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်နိုင်ရန်အတွက်​ ဖေဖော် ဝါရီလ အတွင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ တရုတ် – မြန်မာ နှစ်နိုင်ငံအကြီးအကဲများမှ တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့​သော်​လည်း နားလည်မှုစာချွန်လွှာ(MoU) လက်မှတ် ရေးထိုးသည့်အဆင့်သို့ မရောက်ရှိ ​သေးသဖြင့် နှစ်နိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများ အနေဖြင့် ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် မတ်လ(၂၀) ရက်အထိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၃၉၇ ဒသမ ၇၁၉) သန်း၊ရာခိုင်​နှုန်းအ​နေဖြင့်​(၂၄ ဒသမ ၄၅ ) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ဝင်​​ရောက်​သည့်​ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံးမှာ စင်္ကာပူနိုင်ငံဖြစ်ကာ ဒုတိယအများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဟောင်ကောင်၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်နိုင်ငံစသည့် နိုင်ငံများမှ စက်မှုကဏ္ဍ၊ အိမ်ယာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ အခြား ဝန်ဆောင်မှုကဏ္ဍ၊ ပို့ဆောက်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ် ဓါတ်အားကဏ္ဍစသည်တို့၌ အများဆုံးဝင် ရောက်လျက်ရှိကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply