ေရြးေကာက္ပဲြေကာ္မရွင္၏ဆံုးျဖတ္ခ်က္မ်ားကို သမိုင္းက အဆံုးအျဖတ္ေပးမည္ဟု ေဒါက္တာ နႏၵာလွျမင့္္္ေျပာ

0
182

ရန္ကုန္ ၊ ဒီဇင္ဘာ ၈။၂၀၁၇။

ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ႏွင့္ ယေန႔ေတြ႕ဆံု ခဲ့ၿပီးေနာက္
ေကာ္မရွင္၏ ဆံုးျဖတ္ခ်က္ အမွားအမွန္ကိုသမိုင္း က အဆံုး အျဖတ္ေပး လိမ့္မည္ ဟု ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီေျပာေရးဆိုခြင့္ ရွိသူ ေဒါက္တာနႏၵာလွျမင့္ ကေျပာဆိုလိုက္သည္။

“မွားတာမွန္တာကေတာ့သမိုင္းကပဲဆံုးျဖတ္ပါလိမ့္မယ္။ ဒီအေပၚမွာေတာ့မွားတယ္မွန္တယ္ ကၽြန္ေတာ္ရပ္တည္ခ်က္နဲ႕ ကၽြန္ေတာ္တို႔ဆိုေတာ့မေ၀ဖန္လိုဘူး။ သို႔ေသာ္လည္း အေက်အလည္
ေဆြးေႏြးခြင့္ရတဲ့အတြက္ေၾကာင့္ ေရရွည္ပူးေပါင္း ေဆာင္ရြက္ဖို႔အတြက္ ေကာင္းမြန္တဲ့ေျခလွမ္းတစ္ရပ္ေပါ့ဗ်ာ”ဟုေဒါက္တာနႏၵလွျမင့္ကေျပာသည္။

ႏို၀င္ဘာ ၂၃ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိျပည္ခိုင္ၿဖိဳးပါတီ႐ံုးခ်ဳပ္၌ ျပဳလုပ္ခဲ့သည့္သတင္းစာရွင္းလင္းပဲြတြင္ ေဒါက္တာနႏၵလွ ျမင့္က ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္၏ေဆာင္ရြက္ခ်က္မ်ားကို ကန္႔ကြက္ေၾကာင္းႏွင့္အယံုအၾကည္မရွိ ေၾကာင္းေျပာဆိုခဲ့သည္။
ယင္းသို႔ေျပာၾကားခဲ့မႈအတြက္ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္က အေထာက္အထားႏွင့္အတူလာေရာက္ေျဖ ရွင္းရန္ႏိုု၀င္ဘာ ၂၅ရက္ေန႔ကအေၾကာင္းၾကားခဲ့သည္။

“က်ိဳင္းတံုၾကားျဖတ္ေရြးေကာက္ပဲြမွာ ကၽြန္ေတာ္တို႔ကိုယ္စားလွယ္႐ံႈးတဲ့ကိစၥ ၊ ရပ္ေစာက္က၂၀၁၅ေရြးေကာက္ပဲြမွာအ ႐ံႈးေပးတဲ့ကိစၥ အႏုိင္ရၿပီးမွ အ႐ံႈးေပးတာေပါ့။ ၿပီးေတာ့ႏိုင္ငံေရးပါတီေခါင္းေဆာင္ေတြက ႏိုင္ငံပိုင္ မီဒီယာကေနေျပာဆို ေနတဲ့ကိစၥ ။ဒါေလးေတြကိုကၽြန္ေတာ္တို႔ဘက္က ဥပေဒအခ်က္အလက္အေထာက္အထားေတြနဲ႔တင္ျပတာေပါ့ “ဟု ေဒါက္တာနႏၵာလွျမင့္ကျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ႏွင့္ေတြ႕ဆံုေဆြးေႏြးခဲ့သည္ကိုျပန္လည္ေျပာသည္။

ယခုေတြ႕ဆံုေဆြးေႏြးမႈတြင္ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ ဥကၠ႒ဦးလွသိန္းအပါအ၀င္ ေကာ္မရွင္တာ၀န္ရွိသူ မ်ားႏွင့္ပါေဆြးေႏြးခဲ့ရၿပီး အျပဳသေဘာေဆာင္သည့္ေတြ႕ဆံုေဆြးေႏြးမႈျဖစ္ေၾကာင္း၎ကေျပာသည္။

“UECဘက္ကလည္းသူတို႔ဘာေၾကာင့္ဒီလိုေဆာင္ရြက္တယ္ ဆိုတာျဖစ္စဥ္ေလးေတြကိုျပန္ၿပီးရွင္းျပတယ္။ အဓိကက ေတာ့အျမင္ေတြဖလွယ္ၿပီးေတာ့ေဆြးေႏြးတယ္။ ပြင့္ပြင့္လင္းလင္း ရင္းရင္းႏွီးႏွီးမိသားစုလုိေဆြးေႏြးျဖစ္ခဲ့တယ္”ဟု ၎ကဆိုသည္။

အဆိုပါေတြ႕ဆံုမႈႏွင့္ပတ္သတ္၍ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ တာ၀န္ရွိသူမ်ားထံ ပဥၥမလိႈင္းက တယ္လီဖုန္း ျဖင့္ဆက္သြယ္ခဲ့ေသာ္လည္း လက္ခံေျဖၾကားခဲ့ျခင္းမရွိေပ။

ကိုဥာဏ္

ဓာတ္ပံု- Nandar Hla Myint Facebook

ရန်ကုန် ၊ ဒီဇင်ဘာ ၈။၂၀၁၇။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ယနေ့တွေ့ဆုံ ခဲ့ပြီးနောက် 
ကော်မရှင်၏ ဆုံးဖြတ်ချက် အမှားအမှန်ကိုသမိုင်း က အဆုံး အဖြတ်ပေး လိမ့်မည် ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့် ကပြောဆိုလိုက်သည်။

“မှားတာမှန်တာကတော့သမိုင်းကပဲဆုံးဖြတ်ပါလိမ့်မယ်။ ဒီအပေါ်မှာတော့မှားတယ်မှန်တယ် ကျွန်တော်ရပ်တည်ချက်နဲ့ ကျွန်တော်တို့ဆိုတော့မဝေဖန်လိုဘူး။ သို့သော်လည်း အကျေအလည် 
ဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့် ရေရှည်ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ကောင်းမွန်တဲ့ခြေလှမ်းတစ်ရပ်ပေါ့ဗျာ”ဟုဒေါက်တာနန္ဒလှမြင့်ကပြောသည်။

နိုဝင်ဘာ ၂၃ရက်နေ့က ရန်ကုန်မြို့ရှိပြည်ခိုင်ဖြိုးပါတီရုံးချုပ်၌ ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာနန္ဒလှ မြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များကို ကန့်ကွက်ကြောင်းနှင့်အယုံအကြည်မရှိ ကြောင်းပြောဆိုခဲ့သည်။
ယင်းသို့ပြောကြားခဲ့မှုအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထောက်အထားနှင့်အတူလာရောက်ဖြေ ရှင်းရန်နိုုဝင်ဘာ ၂၅ရက်နေ့ကအကြောင်းကြားခဲ့သည်။

“ကျိုင်းတုံကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ကိုယ်စားလှယ်ရှုံးတဲ့ကိစ္စ ၊ ရပ်စောက်က၂၀၁၅ရွေးကောက်ပွဲမှာအ ရှုံးပေးတဲ့ကိစ္စ အနိုင်ရပြီးမှ အရှုံးပေးတာပေါ့။ ပြီးတော့နိုင်ငံရေးပါတီခေါင်းဆောင်တွေက နိုင်ငံပိုင် မီဒီယာကနေပြောဆို နေတဲ့ကိစ္စ ။ဒါလေးတွေကိုကျွန်တော်တို့ဘက်က ဥပဒေအချက်အလက်အထောက်အထားတွေနဲ့တင်ပြတာပေါ့ “ဟု ဒေါက်တာနန္ဒာလှမြင့်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ကိုပြန်လည်ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းအပါအဝင် ကော်မရှင်တာဝန်ရှိသူ များနှင့်ပါဆွေးနွေးခဲ့ရပြီး အပြုသဘောဆောင်သည့်တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း၎င်းကပြောသည်။

“UECဘက်ကလည်းသူတို့ဘာကြောင့်ဒီလိုဆောင်ရွက်တယ် ဆိုတာဖြစ်စဉ်လေးတွေကိုပြန်ပြီးရှင်းပြတယ်။ အဓိကက တော့အမြင်တွေဖလှယ်ပြီးတော့ဆွေးနွေးတယ်။ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးမိသားစုလိုဆွေးနွေးဖြစ်ခဲ့တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သတ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများထံ ပဥ္စမလှိုင်းက တယ်လီဖုန်း ဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

ကိုဉာဏ်

ဓာတ်ပုံ- Nandar Hla Myint Facebook

 

Leave a Reply