အူစိန်ဘော့ဟာ ဘောလုံးကောင်းကောင်း ကစားနိုင်တယ်လို့ ဒေါ့မွန်နည်းပြဆို

0
203

မတ် ၂၄ ၊ ၂၀၁၈

ဒေါ့မွန်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်နေသော ဂျာမေကာ နိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့စ်ဟာ လေ့ကျင့်ခန်းအနည်းငယ်လောက်မျှ နဲ့ ဘောလုံးကို ကောင်းကောင်း ကစားနိုင်လိမ့်မယ်လို့ ဒေါ့မွန်နည်းပြက ချီးကျူးလိုက်ပါတယ်။

“နည်းနည်းလေး လေ့ကျင့်ပေးလိုက်တာနဲ့ သူဟာ ထိပ်တန်းဘောလုံး သမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်”လို့ ဒေါ့မွန်နည်းပြ ပီတာစတူဂါက ဆိုပါတယ်။

အူစိန်ဘော့စ်ဟာ ကမ္ဘာ့အပြေးချန်ပီယံဆု တွေရထားတဲ့ အပြေး သမားဖြစ်သလို အိုလံပစ်ရွှေတံဆိပ် ၈ ခု ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ သူဟာ မန်ယူအသင်းရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်ပြီး မန်ယူမှာ ဘောလုံးသမား ဖြစ်ချင်ခဲ့သူ ဖြစ်ပါတယ်။ ယခုအခါတော့ အူစိန်ဘော့စ်ဟာ ဒေါ့မွန်အသင်းမှာ လေ့ကျင့်ခန်း လာရောက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

အ၀ါရောင်ဂျာစီကို ၀တ်ဆင်ထားတဲ့ ဒေါ့မွန်အသင်းသားတွေနဲ့အတူ ဂျာမေကာနိုင်ငံရဲ့ ကိုယ်စားပြု အရောင်ဖြစ်တဲ့ အ၀ါရောင်ကို ၀တ်ဆင်တဲ့ အူစိန်ဘော့ကို ဒေါ့မွန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ မြင်ရတာဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

“သူမှာ အရည်အချင်းအပြည့်ရှိတယ်။ ဒါဟာ အမြင့်ဆုံးအဆင့်တစ်ခုအထိ ရောက်နိုင်ပါတယ်။သူ့ရဲ့ ကိုယ်နေဟန်ဟာ ဘောလုံးသမားတွေနဲ့ လုံးဝခြားနားနေပါတယ်။ သူနဲ့ လေ့ကျင့်ခန်းအတူလုပ်ရတာဟာ တခြားဘောလုံးသမားတွေကို ဖိအားတောင် ၀င်သွားနိုင်တဲ့အထိ သူဟာ ကြံ့ခိုင်ရေး ကောင်းသူပါ။ သူမှာ ပရိသတ်တွေ အခိုင်အမာရှိနေတယ်”လို့ စတူဂါက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒေါ့မွန်နည်းပြ စတူဂါဟာ အူစိန်ဘော့စ်ရဲ့ ပရိသတ် တစ်ယောက် ဖြစ်ပြီး အဆိုပါ အပြေးသမားနဲ့ အလုပ်တွဲလုပ်လိုတဲ့ ဆန္ဒတွေလည်း ရှိနေပါတယ်။

NN

Leave a Reply