ဂျွန်စတုန်းနဲ့ တွဲဖက်ကစားဖို့ ကီလီဝေါ့ကာကို အင်္ဂလန်နောက်တန်းမှာ တာဝန်ပေးခဲ့တယ်လို့ ဆောက်ဂိတ်ရှင်းပြ

0
131

မတ် ၂၄ ၊ ၂၀၁၈

အင်္ဂလန်အသင်းရဲ့ နည်းပြ ဂရိတ်ဆောက်ဂိတ်ဟာ နောက်တန်းသုံးဦးသာ ထားရှိခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ နောက်တန်းမှာ ဂျွန်စတုန်းနဲ့ အတူ မန်စီးတီးအသင်းမှာ တွဲဖက်ကစားနေတဲ့ ကီလီဝေါ့လ်ကာကို ရွှေးချယ်ခဲ့တဲ့ အကြောင်းကို ဖြေရှင်းခဲ့ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ နယ်သာလန်ကို ၁-၀ နဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ကီလီဝေါ့လ်ကာကို ညာနောက်ခံလူအဖြစ် အသုံးပြုခဲ့ပြီး ကီရန်ထရစ်ပါကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဂျေဆီလင်ဂတ်ရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ အင်္ဂလန်ဟာ နယ်သာလန်ကို အနိုင်ရရှိခဲ့ပါတယ်။

ကီလီဝေါ့လ်ကာဟာ မန်စီးတီးအသင်းမှာ ဂျွန်စတုန်းနဲ့အတူ နားလည်မှုရှိစွာနဲ့ တွဲဖက်ကစားနိုင်ပြီး အင်္ဂလန်အသင်းရဲ့ နောက်တန်းနေရာအတွက် သင့်တော်သောကြောင့် အသုံးပြုခဲ့ခြင်း ဖြစ်တယ်လို့ ဆောက်ဂိတ်က ဖြေရှင်းခဲ့ပါတယ်။

အင်္ဂလန်နဲ့ နယ်သာလန်တို့ရဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဟာရီကိန်း မပါနိုင်သော်လည်း အင်္ဂလန်အသင်းဟာ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါနိုင်ပွဲဟာ နယ်သာလန်နဲ့ ၇ကြိမ်တွေ့ဆုံမှုအနက် နိုင်ပွဲလုံးဝ မရရှိတဲ့ သမိုင်းအစဉ်အလာကို ချေဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဆောက်ဂိတ်ဟာ တိုက်စစ်မှူး ၃ ဦးအဖြစ် စတာလင်း ၊ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ကို အသုံးပြုခဲ့ပြီး အဆိုပါ သုံးဦးတိုက်စစ်ရဲ့ ကစားပုံကိုလည်း ကျေနပ်ခဲ့ရတယ်လို့ ဆိုသွားပါတယ်။

NN

Leave a Reply