ဘိုင်ယန်မြူးနစ်ဂိုးသမားနူအာ ယခုနှစ်ရာသီမကုန်ခင်မှာ ပြန်လည် ပွဲထွက်နိုင်ဖွယ်ရှိ 

0
161

မတ် ၂၄ ၊ ၂၀၁၈

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာဟာ ယခုနှစ် ရာသီမကုန်ခင်မှာ ဘိုင်ယန်မြူးနစ်အတွက် ပြန်လည်ပွဲထွက်ပါဝင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ နူအာဟာ ဂျာမနီအသင်းနဲ့ အတူ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့အတွက် ပြင်ဆင်နေပြီး မေလ ၁၅ ရက်နေ့မတိုင်ခင် ပေးပို့ရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမား အမည်စာရင်းမှာ ဂျာမနီအသင်းနဲ့အတူ ပြန်လည် ပါဝင်တော့မှာလည်း ဖြစ်ပါတယ်။

နူအာဟာ ယခုအခါမှာ လေ့ကျင့်ခန်းတွေ ကောင်းမွန်စွာ ပြန်လုပ်နိုင်နေပြီး ကြံ့ခိုင်မှုလည်း ပြန်လည်ရရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ဘွန်ဒက်လီဂါ ၊ ချန်ပီယံလိဂ် နဲ့ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွေရဲ့ ဖိအားတွေနဲ့ ကင်းဝေးခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

“ဘိုင်ယန်နဲ့ ဒီရာသီမှာ ပွဲစဉ်အချို့ ပြန်ကစားနိုင်လိမ့်မယ်ထင်တယ်။ လက်တွေ့အခြေအနေက ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မခန့်မှန်းနိုင်ပါဘူး။ ကျွန်တော် မကြာခင် ပြန်ကစားနိုင်တော့မှာပါ။ ဘယ်နေ့လဲဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး”လို့ နူအာက ဆိုပါတယ်။

NN

Leave a Reply