ပုဂံတွင် လူဦးရေ တစ်ထောင်ကျော် စုပေါင်းအမှိုက်ကောက်

0
169

မန္တလေး၊ မတ် ၂၅၊ ၂၀၁၈

ပုဂံဒေသရှိ အာနန္ဒာ၊ ဗူးဘုရား၊ ဓမ္မရံကြီး နှင့်ဧရာဝတီ မြစ်​ကမ်းဘေး နေရာများတွင် အမှိုက်ကင်းစင်သော ရှေးဟောင်းနယ်မြေဖြစ်ရေးအတွက် မတ်လ ၂၄ ရက်နေ့၌ လူဦးရေ တစ်ထောင်ကျော် စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

ထိုသို့အမှိုက်ကောက်ခြင်းကို MPT ဆက်သွယ်ရေးအော်ပရေတာ မှ ဝန်ထမ်းများနှင့် ပုဂံဒေသရှိ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံများ စုပေါင်း၍ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ စနေနေ့တိုင်းအမှိုက်ကောက်တာကို လွန်ခဲ့တဲ့ သုံးလေး နှစ်ကတည်းက လုပ်နေတာ ။ ဒါကို MPT က လူတွေက ပူးပေါင်းပါဝင်ချင်တယ်ဆိုတာနဲ့ လက်ခံလိုက်တယ်။သူတို့ ဘက်ကလည်း အကုန်ပံ့ပိုးပါတယ် ။´´ အမှိုက်ကောက်မှုကို ဦးဆောင်လုပ်နေသော ပုဂံဒေသခံတစ်ဦးဖြစ်သည့် ဦးတင့်ဆွေ က ပြောသည်။

ထိုသို့အမှိုက်ကောက်ခြင်းကို MPT ဆက်သွယ်ရေးအော်ပရေတာ အနေဖြင့် ရန်ကုန် ၊ နေပြည်တော်၊ မုံရွာ၊ မကွေး၊ ပုသိမ်၊ ပဲခူး၊ ပြည်၊ ထားဝယ်၊ မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မော်လမြိုင်၊ စစ်တွေ၊ ကျိုင်းတုံ၊ လားရှိုး နှင့် တောင်ကြီး စသည့်မြို့တို့တွင်လည်း တစ်ရက်တည်း တစ်ပြိုင်နက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply