ပါတီတည္ေထာင္ခြင့္ထပ္မံျငင္းပယ္ပါက အမ်ိဳးသားေရးလႈပ္ရွားမႈ ဆက္လက္လႈပ္ရွားေနမည္ဟု ေမာင္ေသြးခၽြန္ေျပာ

0
215

ရန္ကုန္ ၊ ဒီဇင္ဘာ ၈။၂၀၁၇။

ပါတီတည္ေထာင္ခြင့္ထပ္မံျငင္းပယ္ခံရပါက အမ်ိဳးသားေရးလႈပ္ရွားမႈမ်ားကိုဆက္လက္လႈပ္ရွားေနမည္ျဖစ္ေၾကာင္း မ်ိဳးခ်စ္ညီညြတ္ေရးပါတီဦးေဆာင္တည္ေထာင္သူဦးစိုးျမင့္(ေမာင္ေသြးခၽြန္)ကေျပာသည္။

မဘသအဖဲြ႕၀င္ေဟာင္းမ်ားပါ၀င္သည့္ မ်ိဳးခ်စ္ညီညြတ္ေရးပါတီ တည္ေထာင္ ခြင့္ ေလွ်ာက္ထားခဲ့ၿပီး ျပည္ေထာင္စုေရြး ေကာက္ပဲြေကာ္မရွင္ က ႏိုင္ငံေရးပါတီမ်ားမွတ္ပံုတင္ျခင္းဥပေဒျဖင့္ ပါတီ တည္ေထာင္ခြင့္
ျငင္းပယ္ခဲ့ၿပီးေနာက္ တည္ ေထာင္ခြင့္ရရွိရန္ ဆက္လက္ႀကိဳးပမ္း သြားမည္ျဖစ္ေၾကာင္း ဦးစိုးျမင့္ကပဥၥမလိႈင္းသို႔ေျပာဆိုသည္။

“ပါတီတည္ေထာင္ခြင့္ထပ္ၿပီးျငင္းပယ္မယ္ဆိုရင္လည္း အမ်ိဳးသားေရးလႈပ္ရွားမႈေတြကဆက္ၿပီးရွင္သန္ေနမွာပါ။ အရင္ ကအမ်ိဳးသားေရးလႈပ္ရွားမႈေတြကိုကန္႔သတ္တာေတြမ်ားေတာ့ ႏိုင္ငံေရးနည္းနဲ႔လြတ္လြတ္လပ္လပ္ လႊတ္ေတာ္ထဲက တရား၀င္လုပ္ႏိုင္ဖို႔ ပါတီတည္ေထာင္တာ”ဟု ဦးစိုးျမင့္ကဆိုသည္။

မ်ိဳးခ်စ္ညီညႊတ္ေရးပါတီတည္ေထာင္ခြင့္ကို ေကာ္မရွင္ထံသို႕ ၾသဂုတ္လ၂ရက္ေန႔ကေလ်ာက္ထားခဲ့ၿပီး ႏို၀င္ဘာ၂၄ ရက္ေန႔စဲြျဖင့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပံုတင္ျခင္းဥပေဒႏွင့္ညီညြတ္ျခင္းမရွိေၾကာင္း အေၾကာင္းျပန္ၾကားခဲ့ၿပီး အဆိုပါအ ေၾကာင္းၾကားစာကို ႏို၀င္ဘာ ၂၇၇က္ေန႔တြင္လက္ခံရရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါအေၾကာင္းျပန္ၾကားမႈႏွင့္ပတ္သတ္ ေရြးေကာက္ပဲြေကာ္မရွင္ထံ အေၾကာင္းျပခ်က္ျပန္လည္ေတာင္းခံသြားမည္ ဟု ဦးစိုးျမင့္ကဆိုသည္။

“သူတို႔ဘက္က ဥပေဒနဲ႔မညီညြတ္ဘူးဆိုတာဘာကိုေျပာတာလဲတစ္ခ်က္။ တစ္ခ်ိဳ႕ပုဂၢိဳလ္ေတြ ကဥပေဒနဲ႔ၿငိတယ္ဆိုဘာ ေၾကာင့္ၿငိတာလဲ အဲ့တာကတစ္ခ်က္။ ေနာက္အဲ့ဒီလူေတြေနရာမွာ တျခားလူေတြကို အစားထိုးေလ်ာက္ထားခြင့္ရမရေပါ့၊ အေၾကာင္းျပန္ၾကားစာေပးပို႔ သြားမယ္”ဟု ဦးစိုးျမင့္ကေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သတ္၍ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ဥကၠ႒ထံ ပဥၥမလိႈင္းမွတယ္လီဖုန္းျဖင့္ဆက္သြယ္ ေမးျမန္ရာဆက္သြယ္၍မရရွိခဲ့ေပ။

ကိုဥာဏ္

ရန်ကုန် ၊ ဒီဇင်ဘာ ၈။၂၀၁၇။

ပါတီတည်ထောင်ခွင့်ထပ်မံငြင်းပယ်ခံရပါက အမျိုးသားရေးလှုပ်ရှားမှုများကိုဆက်လက်လှုပ်ရှားနေမည်ဖြစ်ကြောင်း မျိုးချစ်ညီညွတ်ရေးပါတီဦးဆောင်တည်ထောင်သူဦးစိုးမြင့်(မောင်သွေးချွန်)ကပြောသည်။

မဘသအဖွဲ့ဝင်ဟောင်းများပါ၀င်သည့် မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင် ခွင့် လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဖြင့် ပါတီ တည်ထောင်ခွင့် 
ငြင်းပယ်ခဲ့ပြီးနောက် တည် ထောင်ခွင့်ရရှိရန် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ဦးစိုးမြင့်ကပဥ္စမလှိုင်းသို့ပြောဆိုသည်။

“ပါတီတည်ထောင်ခွင့်ထပ်ပြီးငြင်းပယ်မယ်ဆိုရင်လည်း အမျိုးသားရေးလှုပ်ရှားမှုတွေကဆက်ပြီးရှင်သန်နေမှာပါ။ အရင် ကအမျိုးသားရေးလှုပ်ရှားမှုတွေကိုကန့်သတ်တာတွေများတော့ နိုင်ငံရေးနည်းနဲ့လွတ်လွတ်လပ်လပ် လွှတ်တော်ထဲက တရားဝင်လုပ်နိုင်ဖို့ ပါတီတည်ထောင်တာ”ဟု ဦးစိုးမြင့်ကဆိုသည်။

မျိုးချစ်ညီညွှတ်ရေးပါတီတည်ထောင်ခွင့်ကို ကော်မရှင်ထံသို့ သြဂုတ်လ၂ရက်နေ့ကလျောက်ထားခဲ့ပြီး နိုဝင်ဘာ၂၄ ရက်နေ့စွဲဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း အကြောင်းပြန်ကြားခဲ့ပြီး အဆိုပါအ ကြောင်းကြားစာကို နိုဝင်ဘာ ၂၇၇က်နေ့တွင်လက်ခံရရှိခဲ့ကြောင်းသိရသည်။

အဆိုပါအကြောင်းပြန်ကြားမှုနှင့်ပတ်သတ် ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းပြချက်ပြန်လည်တောင်းခံသွားမည် ဟု ဦးစိုးမြင့်ကဆိုသည်။

“သူတို့ဘက်က ဥပဒေနဲ့မညီညွတ်ဘူးဆိုတာဘာကိုပြောတာလဲတစ်ချက်။ တစ်ချို့ပုဂ္ဂိုလ်တွေ ကဥပဒေနဲ့ငြိတယ်ဆိုဘာ ကြောင့်ငြိတာလဲ အဲ့တာကတစ်ချက်။ နောက်အဲ့ဒီလူတွေနေရာမှာ တခြားလူတွေကို အစားထိုးလျောက်ထားခွင့်ရမရပေါ့၊ အကြောင်းပြန်ကြားစာပေးပို့ သွားမယ်”ဟု ဦးစိုးမြင့်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ ပဥ္စမလှိုင်းမှတယ်လီဖုန်းဖြင့်ဆက်သွယ် မေးမြန်ရာဆက်သွယ်၍မရရှိခဲ့ပေ။

ကိုဉာဏ်

 

Leave a Reply