ဒေါ်နယ်ထရမ့်နှင့် လိင်ပိုင်းပတ်သက်မှုရှိခဲ့သည်ကို ဖုံးဖိပေးထားရန် ခြိမ်းခြောက်ဖိအားပေးခံခဲ့ရဟု အပြာသရုပ်ဆောင်တစ်ဦးဖွင့်ဟ

0
142

ဝါရှင်တန် မတ် ၂၆

ဒေါ်နယ်ထရမ့်နှင့် ၂၀၀၆ ခုနှစ်တွင် လိင်ပိုင်းပတ်သက်မှုရှိခဲ့သည်ကို ဖုံးဖိထားရန် ခြိမ်းခြောက်ဖိအားပေးခံခဲ့ရကြောင်း အပြာသရုပ်ဆောင် စတောင်းမီဒယ်နီယယ်စ်က မတ် ၂၅ ရက်တွင် ဖွင့်ဟပြောဆို လိုက်ပြီဖြစ်သည်။

စတောင်းမီဒယ်နီယယ်စ်၏ အမည်ရင်းမှာ စတီဖနီကလစ်ဖို့ဒ်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် လာ့စ်ဗီးဂတ်စ်ရှိ ယာဉ်ရပ်နားကွင်းတစ်ခု၌ အမျိုးသား တစ်ဦး ချဉ်းကပ်လာပြီး ထရမ့်ကို နှောင့်ယှက်ခြင်းမပြုရန် ပြောဆိုကာ သမီးဖြစ်သူကို လှမ်းကြည့်ကာ မိခင်ဖြစ်သူတစ်ခုခုဖြစ်ပါက စိတ်မကောင်းဖြစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ကလစ်ဖို့ဒ်က စီဘီအက်စ်သတင်းဌာနသို့ပြောဆိုခဲ့သည်။

ကလစ်ဖို့ဒ်နှင့် လိင်ပိုင်းပတ်သက်မှုမရှိခဲ့ကြောင်း လက်ရှိ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကပြောဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီတွင် လက်မှတ်ရေးထိုးခဲ့သည့် နှုတ်ပိတ်ကတိပြုလွှာကို ချိုးဖောက် ခဲ့မှုဖြင့် ကလစ်ဖို့ဒ်ထံမှ နစ်နာကြေးအဖြစ် ဒေါ်လာ သန်း ၂၀ ကိုအလို ရှိကြောင်း ထရမ့်၏ရှေ့နေများကပြောဆိုခဲ့သည်။ သို့သော် ယင်းစာချုပ်တွင် ၎င်းကသာ လက်မှတ်ရေးထိုးခဲ့ပြီး ထရမ့်က လက်မှတ်ရေးထိုးခြင်း မပြုခဲ့သောကြောင့် စာချုပ်အကျုံးမဝင်ကြောင်း ကလစ်ဖို့ဒ်ကပြောဆို ခဲ့သည်။

ထရမ့်နှင့် လိင်တစ်ကြိမ်ဆက်ဆံခဲ့ဖူးကြောင်း ကလစ်ဖို့ဒ်ကပြောဆိုခဲ့သည်။ ထရမ့်သည် မယ်လာနီယာနှင့် ၂၀၀၅ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ထရမ့်နှင့်ဖြစ်ပျက်ခဲ့ပုံကို ပြောပြရန် မဂ္ဂဇင်းတစ်စောင်အား သဘောတူညီ ခဲ့ပြီးနောက် အဆိုပါအမျိုးသား၏ချဉ်းကပ်ပြီး ခြိမ်းခြောက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက စီဘီအက်စ်သို့ပြောဆိုခဲ့သည်။

“ကျွန်မတို့က အဲဒီတုန်းက ကားရပ်နားကွင်းမှာ၊ မွေးခါစသမီးလေးနဲ့အတူ အားကစားသင်တန်းကိုသွားမလို့ပါ၊ အမျိုးသားတစ်ဦး ကျွန်မနားကို ကပ်လာပြီး ထရမ့်ကို သွားမရှုပ်နဲ့၊ လျှောက်ပြောတာတွေလည်းမလုပ်နဲ့လို့ ပြောပါတယ်၊ ပြီးတော့ သမီးလေးဘက်ကိုလှည့်ပြီး သမီးလေးက ချစ်စရာ လေးပဲ၊ သူ့အမေသာတစ်ခုခုဖြစ်သွားရင် မတွေးရဲစရာလို့ ပြောပြီး ထွက်သွားတယ်” လို့ ကလစ်ဖို့ဒ်ကပြောဆိုခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မယ်လာနီယာတို့သည် ဖလော်ရီဒါပြည်နယ်ရှိ ထရမ့်ပိုင်ဆိုင်သော မားအေလာဂိုအပန်းဖြေ စခန်းတွင်ရှိနေကြောင်း အိမ်ဖြူတော်၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။

ထရမ့်နှင့်ဖြစ်ပျက်ခဲ့သည်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် နှုတ်ပိတ်ခ အနေဖြင့် ထရမ့်၏ရှေ့နေ မိုက်ကယ်ကိုဟန်က ၎င်းကို ဒေါ်လာ ၁၃၀၀၀၀ ပေးအပ်ခဲ့ကြောင်း ကလစ်ဖို့ဒ်ကပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply