သမီးရည်းစားချိန်းတွေ့စဉ် ဓားထိုးခံရ

0
140

ပဲခူး၊ မတ်​ ၂၆၊ ၂ဝ၁၈

ပဲခူးမြို့​ပေါ်လမ်းကြားတစ်​ခုရှိအ​မှောင်​ရိပ်​တွင်​ ချိန်း​တွေ့​နေသာချစ်​သူစုံတွဲမှ အမျိုးသားဖြစ်​သူအား အဆိုပါ​နေရာ၌ပင်​ ဓားဖြင့်​ထိုးခံရ၍ ​သေဆုံးမှုဖြစ်​ပွားခဲ့​ကြောင်း ပဲခူးမြို့မရဲစခန်းမှ သတင်းရရှိသည်​။

မတ်​လ ၂၅ ရက်​ညပိုင်းက ဗိုလ်​ကုန်း ၁၈ ရပ်​ကွက်​ရှိလမ်းကြားအ​မှောင်​ရိပ်​တွင်​ ​ဇော်​ဖြိုးထက်​(၂၅ နှစ်​)တို့ သမီးရည်းစားနှစ်​ဦးချိန်း​တွေ့ စကား​ပြော ဆို​နေစဉ်​ အမျိုးသားနှစ်​ဦးမှ ဆိုင်​ကယ်​တစ်​စီးဖြင့်​​ရောက်​ရှိလာပြီး ‘မင်းတို့မှာ ဘာပါလဲ ပါတဲ့ဟာ​ပေးစမ်းကွာ’ ဟု အစချီကာ​ပြောဆိုပြီး​ ​ဇော်​ဖြိုးထက်​က ​ပေးစရာဘာမျှမရှိ​ကြောင်းပြန်​လည်​​ပြောဆိုရာတွင်​ အ​နောက်​မှဆိုင်​ကယ်​စီးသူက အသင့်​ပါလာ​သော အရိုးအသွား ၉ လက်​မခန့်​ရှိသော ဓားဖြင့်​ထိုးသတ်​ကာ ထွက်​​ပြေးသွားခဲ့ခြင်းဖြစ်​​ကြောင်း ရဲစခန်းမှတ်​တမ်းအရ သိရသည်​။

“အခင်းဖြစ်​ရာမှာ ပါဝင်​တာက နှစ်​ဦး​ပေါ့​။ အ​ရှေ့က​နေဆိုင်​ကယ်​​မောင်းတဲ့သူနဲ့ အ​နောက်​ကထိုင်​စီးသူ​ပေါ့။ အဲဒီမှာ အ​နောက်​ကစီးတဲ့သူက ထိုးခဲ့တာ။ ထိုးသတ်​​တဲ့လူကို​တော့ စစ်​​ဆေး​ပေါ်​ပေါက်​ချက်​အရ ညတွင်း​ချင်းဖမ်းမိခဲ့ပါတယ်​။ ဆိုင်​ကယ်​​မောင်းသူက​တော့ တိမ်း​ရှောင်​​နေတဲ့အတွက်​ ဆက်​လက်​ရှာ​ဖွေစုံစမ်း​နေဆဲဖြစ်​ပါတယ်​”ဟု ပဲခူးမြို့မရဲစခန်းမှ စခန်းမှူးနိုင်​စိုးက ​ပြောသည်​။

ချိန်း​တွေ့သည့်​စုံတွဲမှ ဓားဖြင့်​ထိုးခံရသူ ​ဇော်​ဖြိုးထက်​မှာ အခင်းဖြစ်​​နေရာ၌ လဲကျ​နေစဉ်​ ၎င်း၏ရည်းစားဖြစ်​သူက နာ​ရေးကူညီမှုအသင်းသားများ အကူအညီဖြင့်​ ပဲခူး​ဆေးရုံကြီးသို့ ပို့​ဆောင်​​ဆေးကုသ​ပေးခဲ့​သော်​လည်း ​ဆေးရုံအ​ရောက်​တွင်​ ​ဇော်​ဖြိုးထက်​မှာ ​သေဆုံးသွားခဲ့ခြင်း ဖြစ်​​ကြောင်း ၎င်းက ဆက်​​ပြောသည်​။

အထက်​ပါဖြစ်​စဉ်​မှ ဓားဖြင့်​ထိုးသတ်​သူ စည်​သူလွင်​(ခ)အလတ်​​ကောင်​(၂ဝ နှစ်​)အား ပဲခူးမြို့မရဲစခန်းမှ (ပ)၂၈၂/၂ဝ၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃ဝ၂/၁၁၄၊ အမှုကြီးအမှတ်​စဉ်​ ၂/၂ဝ၁၈ တို့ဖြင့်​ အမှုဖွင့်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း အဆိုပါစခန်းထံမှ သိရသည်​။

မိုး​မြေ

Leave a Reply