ပညာေရးျဖင့္ ဆင္းရဲႏြမ္းပါးမႈကို လြတ္ေျမာက္ႏိုင္ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံေျပာ

0
210

ေနျပည္ေတာ္။ဒီဇင္ဘာ ၈။ ၂၀၁၇။

ေရရွည္ရင္းႏွိီးျမဳပ္ႏွံမႈျဖစ္သည့္ပညာေရးျဖင့္ ျမန္မာႏိုင္ငံ၌ ႀကံဳေတြ႕ေနရသည့္ ဆင္းရဲႏြမ္းပါးမႈကို လႊတ္ေျမာက္ေအာင္လုပ္ေဆာင္ႏိုင္ေၾကာင္း ႏိုုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားခဲ့သည္။

“ ပညာေရးကေန ကၽြန္မတို႔ႏိုင္ငံအတြက္ ယခုႀကံဳေတြ႕ေနရတဲ့ ဆင္းရဲႏြမ္းပါးမႈကေန လြတ္ေျမာက္ႏိုင္ဖို႕ေမွ်ာ္လင့္ႏိုင္ပါမယ္ ။ ပညာေရးကေန ျပည္ေထာင္စုတိုင္းရင္းသားမ်ားရဲ႕ ရုိးရာယဥ္ေက်းမႈဓေလ့ေတြကို ထိန္းသိမ္းဖို႕ေမွ်ာ္လင့္ႏိုင္ပါမယ္ ။ ပညာေရးကေန မညီမွ်မႈမ်ား၊ မတည္ၿငိမ္မႈမ်ားကို ပေပ်ာက္ေစၿပီး တရားဥပေဒစိုးမိုးမႈ တရားမွ်တမႈ ၿငိမ္းခ်မ္းမႈ လြတ္လပ္မႈေတြကို ႏိုင္ငံသားမ်ားအားလံုးရယူႏိုင္ဖို႕ေမွ်ာ္လင့္ႏိုင္ပါတယ္ “ ဟုေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့သည္။

ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန ၂ တြင္ဒီဇင္ဘာလ ၈ ရက္ေန႔က က်င္းပျပဳလုပ္သည့္ ပညာေရးဖြံ႕ ၿဖိဳးတိုးတက္မႈအေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲအခမ္းအနားမိန္႔ခြန္း၌ ေဒၚေအာင္ဆန္းစုၾကည္မွ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အေျခခံပညာေရးႏွင့္ပက္သတ္ၿပီး KG+12 ပညာေရးစနစ္ေျပာင္းလဲရန္ ေက်ာင္းထြက္ႏႈန္းျမင့္မားေနသည့္ အေႀကာင္းအရင္းမ်ားကိုေျဖရွင္း ပံ့ပိုးေပးရန္ အလြတ္က်က္မွတ္စနစ္မွ စဥ္းစားေတြးေခၚႏိုင္သည့္ ပညာေရးစနစ္သို႕ေျပာင္းလဲလာေစရန္ဘာသာရပ္ဆိုင္ရာ သင္တန္းမ်ားစဥ္ဆက္မျပတ္ပို႔ခ်ႏိုင္ေရး ၊ သင္ရိုးညႊန္းတမ္း ႏွင္႔ ေက်ာင္းသံုးဖတ္စာအုပ္မ်ားအရည္ အေသြးျမင့္တင္ရန္ ၊ ပညာေရးဆိုင္ရာအုပ္ခ်ဳပ္မႈစြမ္းေဆာင္ရည္မ်ား တိုးတက္လာေစရန္ တို႕ကိုေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း ေဒၚေအာင္ဆန္းစုႀကည္မွေျပာၾကားခဲ့သည္။

ဆရာ၊ ဆရာမ မ်ားအတြက္လည္း အတတ္ပညာျပည့္၀ေစေရး သင္ၾကားမႈ စြမ္းေဆာင္ရည္ ျမင့္မားေစေရးအတြက္ အဂၤလိပ္စာ ႏွင့္ICT အရည္အေသြးျမင့္မားေရး ၊ သင္ၾကား သင္ယူမႈ အေရအေသြးျမင့္တင္ေရးအတြက္ ပညာေရး၀န္ႀကီးဌာနမွ ေဆာင္ရြက္လုပ္ကိုင္ေနေၾကာင္းသိရွိရသည္။

ေက်ာင္းအဆင့္မ်ားတိုးခ်ဲ႕ဖြင့္လွစ္ျခင္းႏွင့္ေက်ာင္းထြက္ႏႈန္းေလ်ာ့က်ေရးအတြက္ ဘ႑ာေငြခြင့္ျပဳခ်က္ေပၚမူတည္ၿပီး ေက်ာင္းသံုးျပဌာန္းစာအုပ္မ်ား၊ ေက်ာင္း၀တ္စံုမ်ား ၊ ဗလာစာအုပ္မ်ား အခမဲ့ေ၀ျခင္း ၊ ဆရာ/ေက်ာင္းသားအခ်ိဳ႔မွ်တႏိုင္ေရးအတြက္ ဆရာ မ်ားတိုးခ်ဲ႕ ခန္႔ထားျခင္း ၊ စာသင္ေဆာင္မ်ားတိုးခ်ဲ႕ ေဆာက္လုပ္ျခင္းတို႕အျပင္ ေက်ာင္းျပင္ပေရာက္ကေလးမ်ားအတြက္ေလ့လာဆန္းစစ္မႈမ်ားေဆာင္ရြက္လွ်က္ရွိေၾကာင္း ပညာေရး၀န္ႀကီးဌာနမွ သိရွိရသည္။

ထို႔အျပင္ အျမင္အာရံု ၊ အၾကားအာရံုခ်ိဳ႔တဲ့သည့္ ေက်ာင္းသား ေက်ာင္းသူမ်ား မသန္စြမ္းေက်ာင္းသား ေက်ာင္းသူမ်ား ၊ နယ္စပ္ေဒသမွ ေက်ာင္းသားေက်ာင္းသူမ်ားကို ပညာသင္ ေထာက္ပံ့ေၾကးမ်ား ခ်ီးျမင့္ေပးလွ်က္ရွိေၾကာင္း လည္းသိရွိရသည္။

ယဥ္ေကႏြယ္(ေနျပည္ေတာ္)

နေပြည်တော်။ဒီဇင်ဘာ ၈။ ၂၀၁၇။

ရေရှည်ရင်းနှိီးမြုပ်နှံမှုဖြစ်သည့်ပညာရေးဖြင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါးမှုကို လွှတ်မြောက်အောင်လုပ်ဆောင်နိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

“ ပညာရေးကနေ ကျွန်မတို့နိုင်ငံအတွက် ယခုကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်နိုင်ဖို့မျှော်လင့်နိုင်ပါမယ် ။ ပညာရေးကနေ ပြည်ထောင်စုတိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ထိန်းသိမ်းဖို့မျှော်လင့်နိုင်ပါမယ် ။ ပညာရေးကနေ မညီမျှမှုများ၊ မတည်ငြိမ်မှုများကို ပပျောက်စေပြီး တရားဥပဒေစိုးမိုးမှု တရားမျှတမှု ငြိမ်းချမ်းမှု လွတ်လပ်မှုတွေကို နိုင်ငံသားများအားလုံးရယူနိုင်ဖို့မျှော်လင့်နိုင်ပါတယ် “ ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင်ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်သည့် ပညာရေးဖွံ့ ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားမိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်မှ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အခြေခံပညာရေးနှင့်ပက်သတ်ပြီး KG+12 ပညာရေးစနစ်ပြောင်းလဲရန် ကျောင်းထွက်နှုန်းမြင့်မားနေသည့် အကြောင်းအရင်းများကိုဖြေရှင်း ပံ့ပိုးပေးရန် အလွတ်ကျက်မှတ်စနစ်မှ စဉ်းစားတွေးခေါ်နိုင်သည့် ပညာရေးစနစ်သို့ပြောင်းလဲလာစေရန်ဘာသာရပ်ဆိုင်ရာ သင်တန်းများစဉ်ဆက်မပြတ်ပို့ချနိုင်ရေး ၊ သင်ရိုးညွှန်းတမ်း နှင့် ကျောင်းသုံးဖတ်စာအုပ်များအရည် အသွေးမြင့်တင်ရန် ၊ ပညာရေးဆိုင်ရာအုပ်ချုပ်မှုစွမ်းဆောင်ရည်များ တိုးတက်လာစေရန် တို့ကိုဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့သည်။

ဆရာ၊ ဆရာမ များအတွက်လည်း အတတ်ပညာပြည့်ဝစေရေး သင်ကြားမှု စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် အင်္ဂလိပ်စာ နှင့်ICT အရည်အသွေးမြင့်မားရေး ၊ သင်ကြား သင်ယူမှု အရေအသွေးမြင့်တင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လုပ်ကိုင်နေကြောင်းသိရှိရသည်။

ကျောင်းအဆင့်များတိုးချဲ့ဖွင့်လှစ်ခြင်းနှင့်ကျောင်းထွက်နှုန်းလျော့ကျရေးအတွက် ဘဏ္ဍာငွေခွင့်ပြုချက်ပေါ်မူတည်ပြီး ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံများ ၊ ဗလာစာအုပ်များ အခမဲ့ဝေခြင်း ၊ ဆရာ/ကျောင်းသားအချို့မျှတနိုင်ရေးအတွက် ဆရာ များတိုးချဲ့ ခန့်ထားခြင်း ၊ စာသင်ဆောင်များတိုးချဲ့ ဆောက်လုပ်ခြင်းတို့အပြင် ကျောင်းပြင်ပရောက်ကလေးများအတွက်လေ့လာဆန်းစစ်မှုများဆောင်ရွက်လျှက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ထို့အပြင် အမြင်အာရုံ ၊ အကြားအာရုံချို့တဲ့သည့် ကျောင်းသား ကျောင်းသူများ မသန်စွမ်းကျောင်းသား ကျောင်းသူများ ၊ နယ်စပ်ဒေသမှ ကျောင်းသားကျောင်းသူများကို ပညာသင် ထောက်ပံ့ကြေးများ ချီးမြင့်ပေးလျှက်ရှိကြောင်း လည်းသိရှိရသည်။

ယဉ်ကေနွယ်(နေပြည်တော်)

 

Leave a Reply