တရုတ်​နိုင်​ငံဘဏ်​များရှိ ​မြန်​မာကုန်​သည်​အချို့၏ ​ငွေစာရင်း​အ​ကောင့်​ ၂၁၇ ခု အပိတ်​ခံရ

0
196

ရန်​ကုန်​၊ မတ်​လ ၂၆ ၊ ၂၀၁၈

တရုတ်​နိုင်​ငံ ၊ယူနန်​ပြည်​နယ်​ရှိ ဘဏ်​များ၌ ​ငွေစာရင်း​ဖွင့်​လှစ်​ထားသည့်
မြန်​မာကုန်​သည်​အချို့၏ငွေစာရင်းအ​ကောင့်​ ၂၁၇ ခု ကို မတ်​လ ၂၃ ရက်​မှစတင်​၍ တရုတ်​အစိုးရက ပိတ်​ခဲ့​ကြောင်း မူဆယ်​ကုန်​စည်​ဒိုင်​မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ​ပြောသည်​။

“မတ်​လ ၂၃ရက်​က အ​ကောင့်​ ၂၁၇ ခုကို ပိတ်​လိုက်​ပါတယ်​။ သူတို့​ပြော တာ​တော့ ​ငွေသွား​ငွေလာ​တွေက ​လောင်းကစားကိစ္စနဲ့ပတ်​သက်​ဆက်​သွယ်​​နေလို့ ခဏ စစ်​​ဆေးဖို့အတွက်​ ခဏပိတ်​တာလို့​ပြောပါတယ်​။ အ​ကောင့်​ ပိတ်​တာ ​ငွေဘယ်​​လောက်​ပါလဲ​လို့ ကုန်​သည်​​တွေကိုမေး​တော့ သူတို့က နည်းနည်း​ပါပါးပါ ဆိုပြီးပဲ​ပြောတယ်​။အတိအကျ ဘယ်​သူမှမ​ပြောဘူး။”ဟု ၎င်းက​ပြောသည်​။

ထိုသို့အပိတ်​ခံရသည့်​ ​ငွေစာရင်းများမှာ သကြားကုန်​သည်​များက အဓိက အများဆုံပါဝင်​ပြီး ဆန်​ကုန်​သည်​များလည်းပါဝင်​​ကြောင်း​သိရသည်​။ ယင်းကိစ္စနှင့်​ပတ်​သက်​၍ သက်​ဆိုင်​ရာတာဝန်​ရှိသူများမှ တရုတ်နိုင်​ငံရှိ ပြည်​ပ​ရေးရာဌာနသို့ ဆက်​သွယ်​ပြီး ​မေးမြန်းစုံစမ်းခြင်း​များ၊မည်​သို့​ကြောင့်​ ပိတ်​ရခြင်းနှင့်​မည်​ကဲ့သို့​ဆောင်​ရွက်​​ပေးမလဲဟူ​သော ကိစ္စများကို ယခုပတ်​အတွင်း ဆွေး​နွေးမှုများ သွား​ရောက်​​ ပြုလုပ်​မည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

“ဒီလိုလုပ်​တယ်​ဆိုရင်​​တော့ စီးပွား​ရေးလုပ်​ရာမှာ အခက်​အခဲဖြစ်​မယ့်​ကိစ္စပါ။ ဒါက​တော့ မလုပ်​သင့်​တဲ့ကိစ္စပဲ။ဖြစ်​သွားပြီးပြီဆိုရင်​​တော့ မြန်​မြန်​စိစစ်​ပြီး မြန်​မြန်​​လေးပြန်​ဖွင့်​​ပေးမယ်​ဆိုရင်​​တော့ပိုအဆင်​​ပြေမယ်​။ ပြန်​ဖွင့်​ဖို့ကို​တော့​မျှော်​လင့်​ပါတယ်​။ ဒါ​ပေမယ့်​အချိန်​​တော့​စောင့်​ရမှာပါ။”ဟု ဦးမင်းသိန်းက​ပြောသည်​။

ငွေစာရင်းအ​ကောင့်များ ပိတ်​ခဲ့ခြင်း​ကြောင့်​ ရက်​ပိုင်းအတွင်း တရုတ်​-မြန်​မာ နှစ်​နိုင်​ငံနယ်​စပ်​ကုန်​သွယ်​​ရေး ဆန်​နှင့်​သကြား​ရောင်းဝယ်​မှုမှာ ယခင်​ထက်​ ထက်​ဝက်​ခန့်​​လျော့ကျသွား​ကြောင်း​သိရသည်​။

“အခုလက်ရှိအပိတ်ခဲ့ရတဲ့အ​ကောင့်​​တွေကလဲ ​ငွေအလုံးအရင်းအများကြီးထည့်​ထားတဲ့အ​ကောင့်​​တွေမပါပါဘူး။ဒီအ​ကောင့်​တစ်ခုထဲမှာ ​ငွေ​တွေ အများကြီးမထည့်​ထားဘူး​။လက်​ကျန်​​ငွေ​လေး​လောက်​ပဲရှိတာပါ။အခုက ဆန်​နဲ့သကြားကုန်​သည်​​တွေကို ​ရွေးချယ်​ပြီးပစ်​မှတ်​ထားတယ်​လို့သိရတယ်​။ နယ်​စပ်​က​နေ ပစ္စည်း​တွေ မဝင်​လာ​စေချင်​ရင်​ဖမ်းတယ်​။ အ​ကောင့်​​တွေပိတ်​တယ်။”ဟုဘုရင့်​​နောင်ဆန်ကုန်စည်ဒိုင်အတွင်း​ရေးမှူးဦးသန်းဦးက
ပြောသည်​။

မြန်​မာကုန်​သည်​များ၏ ​ငွေစာရင်းပိတ်​ခံရမှုသည်​ လက်​ရှိအစိုးရလက်ထက်​ ၂ နှစ်​တာ ကာလအတွင်း ၂ ကြိမ်​ရှိပြီဖြစ်​ပြီး ၂၀၁၇ခုနှစ်​ ဇွန်​လက ​မြန်​မာကုန်​သည်​များ၏ ​ငွေစာရင်းအ​ကောင့်​ ၁၃၂ ခုကို ပိတ်​ခဲ့ကာ ယခု ဒုတိယအကြိမ်​သည်​ အ​ရေအတွက်​ပိုများ​ကြောင်း​ သိရသည်​​။

ဝေ​ဝေဖြိုး

Leave a Reply