Group Chat တွင် အတင်းတုပ်ခဲ့သည့်ကိစ္စ ပြင်ပသို့ ပျံ့နှံ့ခဲ့မှုအတွက် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း ပြန်တောင်းပန်

0
180

ရန်ကုန်။ မတ် ၂၆။ ၂၀၁၈

ရုပ်ရှင်သရုပ်ဆောင်များ Group Chat တွင်ပြောကြားထားသည်များ အွန်လိုင်းတွင် ပျံနှံ့ခဲ့ခြင်းနှင့်ပြီး ထိခိုက်သွားသည့်သူများကို လေးလေး စားစားတောင်းပန်ပါကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

“ဂရုထဲမှာ ပြောဆိုတာတွေကို public ဖြန့်လိုက်တဲ့အတွက် ကာယကံရှင် အချို့လည်း ထိခိုက်သွားတာရှိပါတယ်။ မိဘဖြစ်နေတဲ့အတွက် ကျွန်တော် သည် သူတို့ရဲ့ကိုယ်စား ထိခိုက်သွားနိုင်တဲ့ ပုဂိုလ်တွေကို လေးလေး စားစားတောင်းပန်ပါတယ်။ “ ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရုပ်ရှင်သရုပ်ဆောင်များ တစ်ရာကျော်ပါဝင်သည့် ယင်း Group Chat သည် ရုပ်ရှင်လောက တိုးတက်ရေးအတွက် ဆွေးနွေးစရာကိစ္စများ ပြောကြားနိုင် ရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် အဟောင်းများ၊ အသစ် များနှင့် တက်သစ်စလူငယ်များ တစ်ရာကျော်ခန့်ပါဝင်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ဦးဇင်ဝိုင်းက ပြောကြားသည်။

အဆိုပါ Group Chat တွင်ပြောကြားထားသည့် အကြောင်းအရာများကို Group အတွင်းပါဝင်သည့် သူတစ်ဦးဦးက Screen Shot များဖြင့် အွန်လိုင်းတွင် ဖြန့်ဝေခဲ့သောကြောင့် ပါဝင်ပြောကြားထားသည့် ရုပ်ရှင် သရုပ်ဆောင်များကို အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

သိသင့်သူများဖြင့်သာ ဖွဲ့စည်းထားသည့် ယင်း Group Chat အတွင်း အွန်လိုင်းတင်ခဲ့သူကို ၄င်းတစ်ဦးတည်း အနေဖြင့် အမှုဖွင့် တိုင်ကြား သွားရန် မရှိကြောင်းလည်း ဦးဇင်ဝိုင်းက ထည့်သွင်းပြောကြားသည်။

Group Chat တွင် နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် လက်ရှိတွင် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တာဝန်ယူထားသော ဦးဇင်ဝိုင်း၊ ဇာဂန၊ စိုးမြတ်နန္ဒာ၊ ဒါရိုက်တာညိုမင်းလွင်၊ နေမင်း၊ ကိုပေါက်၊ သက်မွန်မြင့် ၊ ခင်ဝင့်ဝါ၊ စသည့် သရုပ်ဆောင်နှင့် ဒါရိုက်တာ ၁၁ ဦးပါဝင်ခဲ့သည်။ ယင်း ၁၁ ဦးတွင် သရုပ်ဆောာင် အချို့နှင့် ဒါရိုက်တာ အချို့မှာ ၄င်းတို့၏ ဖေ့ဘုတ်စ်မှ ပြန်လည်ရှင်းလင်းထားသည်။

ရုပ်ရှင်သရုပ်ဆောင် တစ်ရာကျော်ပါဝင်သည်ဆိုသော ယင်း Group Chat တွင် ပြောကြားထားသည်များမှာ လက်ရှိတွင် ဥပါယ်တံမျဉ်နှင့် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ကားဖြင့် အောင်မြင်မှုရထားသော ဇာဏ်ခီနှင့်ခရစ္စတီးနားခီ တို့အကြောင်းကို အများဆုံးဝေဖန်ပြောဆိုထားမှုများ ပါဝင်ခဲ့သည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – ဇင်ဝိုင်း Page

Leave a Reply