တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပုံတူပန်းပုပေးအပ်ခြင်းသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ပံ့ပိုးခြင်းဖြစ်ဟု BGF တာဝန်ရှိသူပြော

0
144

ရန်ကုန် ၊ မတ် ၂၆ ၊၂၀၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ပုံတူပန်းပုရုပ်တုအား ပေးအပ်ခြင်း သည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုပံပိုးခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှBGF တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးနိုင် မောင်ဇော်ကပြောကြားသည်။

“မိတ်ဆွေတစ်ယောက်က ပုံတူရုပ်တုတစ်ခုပေးချင် တယ်လို့ ပြောလာ တဲ့အခါ ကောင်းတဲ့ကိစ္စလည်းဖြစ်တော့လက်ခံပြီး စုပေါင်းလုပ်ကျတာပေါ့ ။ ဒါဟာငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာပံပိုးမှုတစ်ခုဖြစ်စေပါတယ်”ဟု ဗိုလ်မှူး နိုင်မောင်ဇော်ကပြောသည်။

အဆိုပါ ပုံတူပန်းပုရုပ်တုအား ၇၃နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပေးအပ်ခြင်းဖြစ်ပြီး ပုံတူရုပ်တုပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော် ၊ တပ်မတော်စစ်သမိုင်းပြတိုက်တွင် မတ်လ ၂၆ရက်နေ့တွင်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားကို တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်သည်။

မတ်လ ၂၃ရက်နေ့က မြ၀တီရှိ BGFတပ်ဂိတ်အား တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် သဘောထား တင်းမာမှုများ ဖြစ်ခဲ့ကာ မတ်လ ၂၅ရက်နေ့က မြ၀တီခရိုင် သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာတွင် နှစ်ဖက် အဆင့်မြင့်အရာရှိများတွေ့ဆုံဆွေးခဲ့ပြီး ပြေလည် မှုများ ရရှိခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ဘက်က လိုင်စင်မဲ့ကား ၁၈၄စီးကိုအပ်ခဲ့တယ်။ နိုင်ငံ တော်ဘက်လည်း ကရင်ပြည်နယ်အတွင်းမှာ ပဋိပက္ခမဖြစ်ချင်ဘူး။ ကျွန်တော်တို့ကလည်း ဒေသအတွက်အကျိုးမရှိဘူး။ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အိမ်တွင်းရေး ကတောက် ကဆဖြစ်တဲ့သဘောပါ”ဟု ၎င်းကပြောသည်။

အဆိုပါလိုင်စင်မဲ့ကားများမှာ ယာဉ်ပိုင်ရှင်များက BGFတပ်ဂိတ် အတွင်း လာရောက်ထားရှိခြင်းဖြစ်ကြောင်းသိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply