လိုက်ပဇက်တိုက်စစ်မှူး တီမို ၀ါနာကို ပြောင်းရွှေ့ကြေးပေါင် ၈၇သန်းဖြင့် ခေါ်ယူမယ့် လီဗာပူးလ်

0
156

မတ် ၂၆ ၊ ၂၀၁၈

လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ဟာ လိုက်ပဇက်အသင်းမှ ဂျာမနီ တိုက်စစ်မှူး တီမို ၀ါနာကို ပြောင်းရွှေ့ကြေး ပေါင် ၈၇ သန်း သုံးစွဲပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အသက် ၂၂ နှစ်သာရှိသေးတဲ့ တီမို ၀ါနာဟာ ၅၆ ပွဲမှာ ၃၂ ဂိုးအထိ သွင်းယူထားပြီး ဂျာကင်ကလော့အတွက် အကြိုက်တွေ့စေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဂျာမနီအခြေစိုက် အားကစားသတင်းတွေရဲ့ ဖော်ပြမှုအရ လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ဟာ ၀ါနာအတွက် ပေါင် ၈၇သန်းအထိ သုံးစွဲပြီး ခေါ်ယူဖို့ ပြင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ဒါ့အပြင် ၀ါနာကို မန်နေး ၊ ဖာမင်နို၊ ဆာလပ်တို့နဲ့ ပေါင်းစပ်ပေးမယ်ဆိုရင် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ဟာ ဥရောပမှာ အကောင်းဆုံး တိုက်စစ်ကို ရရှိလာနိုင်ဖွယ် ရှိနေပါတယ်။

ဂျာကင်ကလော့အနေနဲ့ ၀ါနာကို ခေါ်ယူမယ်ဆိုရင်တော့ ဘွန်ဒက်လီဂါရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အပြိုင်လုရဖွယ် ရှိနေပါတယ်။ ၀ါနာဟာ လက်ရှိမှာ လိုက်ပဇက်အတွက် ၅၆ပွဲမှာ ၃၂ ဂိုးအထိ သွင်းယူထားနိုင်တဲ့အတွက် ဂျာမနီနည်းပြ ဂျိုအာချင်လိုရဲ့ ဂျာမန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရပါတယ်။

တီမို ၀ါနာဟာ လိုက်ပဇက်အသင်းနဲ့ ၂၀၂၀ အထိ စာချုပ်ချုပ်ဆိုထားပြီး လိုက်ပဇက်အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားကို ၂၀၁၃ အထိ စာချုပ်သက်တမ်း ထပ်တိုးဖို့ ကြိုးစားနေပါတယ်။ ၀ါနာအနေနဲ့လည်း လိုက်ပဇက်အသင်းမှာ ဆက်လက်ကစားဖို့ ဆန္ဒရှိနေပြီး နွေရာသီ အပြောင်းအရွှေ့မှာ သူ့အနာဂတ်အတွက် သေချာ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ လိုက်ပဇက်အသင်းရဲ့ ကွင်းလယ်လူ နာဘီကီတာ ကိုလည်း နွေရာသီမှာ ခေါ်ယူဖို့အတွက် အကြိုသဘောတူညီမှု ရရှိထားပြီ လို့ သိရပါတယ်။

NN

Leave a Reply