ရန်​ကုန်​​ရွှေအိတ်​ချိန်းကို ၆လ အတွင်းတည်​​ထောင်​မည်

0
189

ရန်​ကုန်​၊ မတ်​လ ၂၆ ၊၂၀၁၈

ပြည်​တွင်း​ရွှေ​ဈေးကွက်​အတွင်း အ​ရောင်းအဝယ်​မြန်​ဆန်​လာ​စေရန်​နှင့်​ ယုံကြည်​စိတ်​ချမှုရှိ​စေရန်​ ရန်​ကုန်​​ရွှေအိတ်​ချိန်း​ကို ၆လ အတွင်းတည်​​ထောင်​သွားမည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ​ရွှေလုပ်​ငန်းရှင်​များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်​က​ပြောသည်​​။

“​ရွှေအိတ်​ချိန်းတည်​​ထောင်​ဖို့က ကျွန်​​တော်​ တို့အသင်းက လုပ်​ဖို့ အခု ​Software စ​ရေး​နေပြီ။ ၆လအတွင်း​လောက်​​တော့ ဖြစ်​မှာပါ။ အခုက လယ်​ဂျာစာအုပ်​​တွေနဲ့ပဲသွား​နေရတာ။အခုလုပ်​မှာက ကွန်​ပျူ တာ Software နဲ့သွားမှာဆို​တော့ လုပ်​ငန်းက ၂ ဆ​လောက်​မြန်​ဆန်​သွားမယ်​။ “ဟု ၎င်းက​ပြောသည်​။

လက်​ရှိတွင်​ ​ရွေအိတ်​ချိန်းစတင်​နိုင်​ရန်​အတွက်​ နည်းပညာ ​ Software များကို ​ရေးဆွဲ​နေပြီး တည်​​ထောင်​နိုင်​ပြီဆိုပါက ပြည်​ပနိုင်​ငံများမှလည်း
ယင်းအိတ်​ချိန်း​အတွင်း ရင်းနှီးမြှုပ်​နှံမှုများဝင်​​ရောက်​လာနိုင်​မည်​ဖြစ်​​ကြောင်း သိရသည်​။

ထို့ပြင်​ နိုင်​ငံတကာအဆင့်​မီ ​ရွှေ၊​ကျောက်​မျက်​၊သတ္တု ဗဟို​ဈေးကွက်​ဖွင့်​လှစ်​နိုင်​​ရေးအတွက်​ကိုလည်း ​ဆောင်​ရွက်​လျှက်​ရှိပြီး လာမည့်​ ၂နှစ်​အတွင်းဖွင့်​လှစ်​နိုင်​မည်​ဟု ခန့်​မှန်းထား​ကြောင်း ၎င်းက​ပြောသည်​။

အဆိုပါဗဟို​ဈေးကွက်​ဖြစ်လာပါကလက်ရှိ​ရောင်းဝယ်​ ​နေသည့်​အ​ရောင်း အဝယ်​ပမာဏထက်​ အဆ ၂၀ ခန့်​ တက်​သွားနိုင်​​ကြောင်း​သိရသည်​။
ယင်း​ဗဟို​ဈေးကွက်​တွင်​​ ရွှေထည်​နှင့်​ ​ကျောက်​မျက်​ရတနာဆိုင်​များ၊​ရှေး​ဟောင်းပစ္စည်းအ​ရောင်းပြခန်းများ၊ရိုးရာပစ္စည်းအ​ရောင်းပြခန်း​များ၊​​ကျောက်​မျက်​ရတနာ စမ်းသပ်​စစ်​​ဆေးခန်း​​​၊ပစ္စည်းအ​ရောင်းဆိုင်​အမျိုးမျိုးစသည့်​တို့ပါဝင်​မည်​ဖြစ်​ပြီး လက်​ရှိ ရှိ​နေသည့်​ ဗိုလ်ချုပ်​​ဈေး ဆိုင်​ခန်းများကဲ့သို့ ဖြစ်​လာမည်​ဖြစ်​​ကြောင်း ဦးမျိုးမြင့်​က​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply