မန္တလေးမြို့အနီး ဒုတိယမြောက်ဆင်စခန်းဖြစ်သည့် ၀ါးနက်ဆင်စခန်းကို ယခုလကုန်တွင် ဖွင့်လှစ်သွားမည်

0
158

မန္တလေး၊ မတ် ၂၆၊ ၂၀၁၈

ပြင်ဦးမြို့နယ်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံ သွားကားလမ်းဘေး တွင် ဒုတိယမြောက် ဆင်စခန်း တစ်ခုဖြစ်သည့် ဝါးနက် အပန်းဖြေ ဆင်စခန်း တစ်ခုကို မတ်(၃၀) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း(မန္တလေးတိုင်းဒေသကြီး) က သိရသည်။

မြန်မာ့သစ်လုပ်ငန်း(မန္တလေးတိုင်းဒေသကြီး)အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ(၂၀)ရက်နေ့၌ မကျည်းအင်း ကျေးရွာ ဝှက်ကား ရေတံခွန် အနီးတွင် ဒီးဒုတ်ဆင်စခန်းကို ဆင်အကောင်ရေ (၆) ကောင်ဖြင့် ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် ခရီးသွားပြည်သူ (၃၀၀) ကျော်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

“အခုနောက်ပိုင်းမှာ သစ်ထုတ်တဲ့အပိုင်းကို လျှော့လိုက်တယ်။ ဒီလိုလျှော့ တော့ ဌာနမှာ ဆင်တွေကပိုလျှံလာတယ်။ နောက်ပြီး ဆင်တွေလည်း လူတွေနဲ့ပိုပြီးရင်းနှီးလာအောင်၊ သူတို့ရဲ့အလေ့အထ သဘာဝနဲ့ ယဉ်ကျေး လိမ္မာမှုတွေကိုပြသနိုင်အောင်၊ ဆင်တွေတဖြည်းဖြည်းရှားပါးလာတာကို ပြည်သူတွေ သိလာအောင်ဆိုပြီး ဆင်စခန်းတွ ဖွင့်လာတာဖြစ်တယ်”ဟု ဆင်စခန်းဆောက်လုပ်ရေးတာဝန်ခံ ဦးဟန်ဝင်းအောင်က ပြောသည်။

ယခုဖွင့်လှစ်မည့် ဆင်စခန်းအသစ်တွင် ဆင်အကောင်ရေ (၆) ကောင်ပါဝင် မည်ဖြစ်ပြီး မြေဧက ၁၃၀ ကျော်ပေါ်တွင်လုပ်ဆောင်ခြင်းဖြစ်ကာ ဝင်ကြေး အဖြစ်တစ်ဦးလျှင်ငွေကျပ် (၁၀၀၀)နှုန်း၊ ဆင်စီးခ ငွေကျပ် (၃၀၀၀)နှုန်းသတ်မှတ်သွားမည်ဖြစ်သည်။

နိုင်လင်းဦး

Leave a Reply