တတိယမြောက် သားတစ်ဦးကို ထပ်မံပိုင်ဆိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ် အသင်းခေါင်းဆောင်

0
140

မတ် ၂၆ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဆာဂျီရို ရာမို့စ်ဟာ သူ့ရဲ့ဘောလုံးကွင်းပြင်ပ ဘ၀မှာ ဟက်ထရစ်ဂိုး သွင်းလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ရာမို့စ်နဲ့ အတူနေချစ်သူ ပီလာ ရူဘီအိုတို့ဟာ တတိယမြောက် ရင်သွေးငယ်ကို မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဆာဂျီရိုရာမို့စ်ဟာ သူ့ရဲ့ တတိယမြောက်သားငယ်ကို အယ်လီဂျန်ဒရိုလို့ အမည်ပေးခဲ့ပါတယ်။ ရာမို့စ်နဲ့ ပီလာ ရူဘီအိုတို့ဟာ အတူနေထိုင်မှု ၅ နှစ်တာ ကာလအတွင်း သား ၃ယောက်ကို မွေးဖွားခဲ့ကြပါတယ်။

ရာမို့အနေနဲ့ တတိယမြောက် သားတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တဲ့နောက်မှာ သူ့ရဲ့ အင်စတာဂမ်ကနေ ကလေးပုံကို တင်ခဲ့ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ ရာမို့စ်နဲ့ မွေးကင်းစ သားငယ်လေး ကို ပျော်ရွှင်စွာ မြင်တေါ့ကြရမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ သိပ်ကိုပျော်ရွှင်နေပါတယ်။အယ်လီဂျန်ဒရိုကို ညနေ ၆နာရီ ၂၄ မိနစ်မှာ မွေးဖွားပြီး ၃ဒသမ ၁ပေါင် ရှိပါတယ်။ ဒီကလေးအတွက် ကျွန်တော့်ရဲ့ အချစ် ပီလာ ရူဘီအိုကို ကျေးဇူးတင်ပါတယ်”လို့ ရာမို့စ်က ရေးသားခဲ့ပါတယ်။

ရီးရဲမက်ဒရစ် အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဆာဂျီရိုရာမို့စ်ဟာ ၅ ပွဲခန့် ပါဝင်နိုင်မှာ မဟုတ်တဲ့အတွက် အဆိုပါပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

NN

Leave a Reply