တောရိုင်းတိရစ္ဆာန်များ၏အသံ ဂီတပွဲတော် တင်ဆက်မှု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်မည်

0
154

ရန်ကုန် မတ်၂၆ ၂၀၁၈

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် တောရိုင်း တိရစ္ဆာန်များ ဆိုင်ရာ ဂီတပွဲတော်(Voices for Wildlife) ကို မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးနှင့် ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်ထွက် တရားမဝင် ပစ္စည်းများ ကင်းရှင်းရေးဆောင်ရွက်ရန် တောင်းဆိုမှုများဖြင့်ပြုလုပ် သွားမည်ဖြစ်ကြောင်းတောင်ရိုင်းတိရစ္ဆာန်များရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေးလှုပ်ရှားဆောင်ရွက်သူများအဖွဲ့ထံမှသိရသည်။

ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဒေါ်ခင်မိမိကြွယ် တို့ အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ကြမည့် တောရိုင်း တိရစ္ဆာန် များအတွက် စကားသံ (Voices for Wildlife) ဂီတပွဲတော်ကို ဧပြီ ၇ ရက်၊ ၂၀၁၈ ခုနှစ်၊ စနေနေ့တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် နိုင်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် နာမည်ကြီးအဆိုတော်များနှင့် အနုပညာ နယ်ပယ်တွင် ထင်ရှားကျော်ကြားသူများဖြစ်ကြသည့် ဘန်နီဖြိုး၊ ခြူးစစ်ဟန်၊ ကျော်သီဟ၊ အိုင်ရင်းဇင်မာမြင့်၊ ပန်းရောင်ခြယ်၊ ဝိုင်းလေး၊ နောနော်၊ မေကြည်၊ ငြိမ်းငြိမ်း အိ (အင်္ဂလန်စိန်)၊ The Peacists၊ လီယို (Leo)၊ ချာလီ (Charlie)၊ DJ Mike Haider၊ DJ Kandi K နှင့် The Dance Lab တို့မှပါဝင်ဖြေဖျော် မှု များနှင့်ပြုလုပ်မည်ဟုသိရသည်။

” တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် မြန်မာအစိုးရက ကြိုးပမ်း
နေတာနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရကို ကျွန်တော် ဂုဏ်ပြုချင် ပါတယ်။ ပြီးတော့ ဒီလိုတောရိုင်းတိရစ္ဆာန်ပစ္စည်း တွေ တရားမဝင် ကုန်ကူး နေတာတွေကို အပြီးသတ်နှိမ်နင်းနိုင်အောင် ခိုင်မာတဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်း ပေးဖို့ကို လည်း တိုက်တွန်းလိုပါတယ်” ဟုမြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး HE Mr. Peter Lysholt Hansen က ပြောသည်။

မတ်လ ၃ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ နေ့၌လည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့၏ အကြီးအကဲများမှ တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားနေသည့် ကိစ္စကို အဆုံး သတ်ရန် ကြိုးပမ်းနေသည့် မြန်မာအစိုးရ၏ အားထုတ် မှုများကို ထောက်ခံသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ဥပဒေပြုမှုအပိုင်း၊ ဥပဒေအာဏာသက်ရောက်စေရန် လုပ်ဆောင် သည့်အပိုင်းများတွင် ပိုမိုပူးပေါင်း လုပ်ဆောင်သွားကြရန် တိုက်တွန်း ပြောကြားခြင်းများရှိခဲ့သည်။

အဆိုပါဂီတပွဲတော်သည် မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ အမဲလိုက် သတ်ဖြတ်ခံနေရခြင်း၊ ၎င်းတို့၏ အရေခွံများအား ခွာယူ၍ တရားမဝင် ရောင်းချနေခြင်း စသည်တို့ ပပျောက်သွားအောင် ကြိုးပမ်းသည့်အနေဖြင့် စတင်လှုပ်ရှားခဲ့သောVoice for Momos ၅ လကြာ ကျင်းပခဲ့သည့် အစီ အစဉ် လူထုလှုပ်ရှားမှု၏ နောက်ဆုံးပွဲတော်လည်းဖြစ်ကြောင်းသိရသည်။

မေစု

Leave a Reply