တရားမဝင္ႏုိင္ငံျခားျဖစ္ေဆးဘူး ၁၀၀ နီးပါး ဖမ္းမိ

0
189

မႏၱေလး။ဒီဇင္ဘာ ၈။ ၂၀၁၇။

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ သီရိမႏၲလာကားကြင္းတြင္ ဒီဇင္ဘာလ ၈ ရက္ေန႔ မနက္ပိုုင္းက တရားမဝင္ ႏိုင္ငံျခားေဆးဝါး ၂၁ မ်ိဳးပါဝင္သည့္ ေဆးဘူး ၁၀၀ နီးပါး ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာရဲတပ္ဖြဲ႕ က သိရသည္ ။

ယင္းႏိုင္ငံျခားျဖစ္ တရားမဝင္ေဆးမ်ားကို အိႏၵိယ ႏိုင္ငံ မွ တစ္ဆင့္ ကေလးၿမိဳ႕ ၊ ကေလးၿမိဳ႕ မွတစ္ဆင့္ မႏၲေလးၿမိဳ႕သို႔သယ္ ေဆာင္လာျခင္းျဖစ္ကာ နယ္ေျမခံရဲတပ္ဖြဲ႕ ၊ စည္ပင္သာယာရဲတပ္ဖြဲ႕ ႏွင့္ ကားကြင္းစည္းကမ္းထိန္းသိမ္းေရးအဖြဲ႕တို႔ ပူးေပါင္း၍ ဖမ္းစီးရမိခဲ့ျခင္းျဖစ္သည္ ။

“ေဆးကို သယ္ယူမယ္ ။ တင္ပို႔မယ္ဆိုရင္ မွတ္ပံုတင္ရမယ္ ။ ေဆးဝါးမွာလည္း မွတ္ပံုတင္ထားရမယ္ ။ သယ္ယူသူအေနနဲ႔လည္း မွတ္ပံုတင္ရွိရမယ္ ။ ေဆးအမ်ိဳးအစားေတြက စံုတယ္ ။ ခု အမႈဖြင့္အေရးယူဖို႔လုပ္ေနပါတယ္ ။” ဟု မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးၿငိမ္းခ်မ္းေအာင္ က ေျပာသည္ ။

ဖမ္းစီးရမိသည့္ ေဆးဝါးအမ်ိဳးအစားမ်ားမွာ ထိုးေဆး ၊ ေသာက္ေဆး ပံုစံမ်ိဳးစံုပါဝင္ၿပီး အားေဆး ၊ အဖ်ားျပတ္ေဆး ႏွင့္ လိင္အားတိုးေဆးမ်ားလည္းပါဝင္ေၾကာင္း သိရသည္ ။

ႏိုင္ငံျခားျဖစ္ တရားမဝင္ေဆးမ်ားကို သယ္ေဆာင္လာသူမ်ားကို အမ်ိဳးသားေဆးဝါးဥပေဒျဖင့္ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၅) နယ္ေျမခံရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္ ။

ႏိုင္လင္းဦး

မန္တလေး။ဒီဇင်ဘာ ၈။ ၂၀၁၇။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမန္တလာကားကွင်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုုင်းက တရားမဝင် နိုင်ငံခြားဆေးဝါး ၂၁ မျိုးပါဝင်သည့် ဆေးဘူး ၁၀၀ နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရဲတပ်ဖွဲ့ က သိရသည် ။

ယင်းနိုင်ငံခြားဖြစ် တရားမဝင်ဆေးများကို အိန္ဒိယ နိုင်ငံ မှ တစ်ဆင့် ကလေးမြို့ ၊ ကလေးမြို့ မှတစ်ဆင့် မန္တလေးမြို့သို့သယ် ဆောင်လာခြင်းဖြစ်ကာ နယ်မြေခံရဲတပ်ဖွဲ့ ၊ စည်ပင်သာယာရဲတပ်ဖွဲ့ နှင့် ကားကွင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ ဖမ်းစီးရမိခဲ့ခြင်းဖြစ်သည် ။

“ဆေးကို သယ်ယူမယ် ။ တင်ပို့မယ်ဆိုရင် မှတ်ပုံတင်ရမယ် ။ ဆေးဝါးမှာလည်း မှတ်ပုံတင်ထားရမယ် ။ သယ်ယူသူအနေနဲ့လည်း မှတ်ပုံတင်ရှိရမယ် ။ ဆေးအမျိုးအစားတွေက စုံတယ် ။ ခု အမှုဖွင့်အရေးယူဖို့လုပ်နေပါတယ် ။” ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းအောင် က ပြောသည် ။

ဖမ်းစီးရမိသည့် ဆေးဝါးအမျိုးအစားများမှာ ထိုးဆေး ၊ သောက်ဆေး ပုံစံမျိုးစုံပါဝင်ပြီး အားဆေး ၊ အဖျားပြတ်ဆေး နှင့် လိင်အားတိုးဆေးများလည်းပါဝင်ကြောင်း သိရသည် ။

နိုင်ငံခြားဖြစ် တရားမဝင်ဆေးများကို သယ်ဆောင်လာသူများကို အမျိုးသားဆေးဝါးဥပဒေဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၅) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည် ။

နိုင်လင်းဦး

 

Leave a Reply