ရာသီအကုန်မှာ လာဇီယိုမှ ထွက်ခွာမယ့် ဒီဗီရက်ခ်ျ ကို ဘာစီလိုနာနဲ့ မန်စီးတီးတို့ အပြိုင်လိုက်နေ

0
148

မတ် ၂၆၊ ၂၀၁၈

ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတို့ဟာ ယခုနှစ်နွေရာသီမှာ လာဇီယိုကနေ ထွက်ခွာတော့မယ့် နယ်သာလန်နောက်ခံလူ ဒီ ဗီရက်ခ်ျကို ခေါ်ယူဖို့အတွက် ကြိုးစားနေကြပါတယ်။

အဆိုပါ နယ်သာလန်နောက်ခံလူဟာ ယခုနှစ် ဘောလုံးရာသီအကုန်မှာ လာဇီယိုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာတော့ မှာ ဖြစ်ပါတယ်။ အီတလီရဲ့ သတင်းတွေအရ ဒီဗီရက်ခ်ျဟာ အင်တာမီလန်နဲ့ ကြိုတင်သဘောတူညီမှုတွေ ပြုလုပ်ထားပြီလို့ ဖော်ပြကြပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဒီဗီရက်ခ်ျဟာ ချန်ပီယံလိဂ်မှာ ၀င်ရောက် ကစားခွင့်ရရှိရေးအတွက် လာဇီယိုကို စွန်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းက သူ့ကိုစာချုပ်အသစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ပေါင် ၂၆ သန်းတန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးတွေ ပါဝင်နေတဲ့အတွက် ကစားသမားက လက်မခံဘဲ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ဆမ်ဒိုးရီးယားကစားသမားဟောင်းဖြစ်တဲ့ ဒီဗီရက်ခ်ျဟာ အင်တာ မီလန်နည်းပြ စပယ်လက်တီနဲ့ ရင်းနှီးမှုတွေ ရရှိနေတဲ့အတွက် အင်တာမီလန်ကို ရောက်ရှိဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပါတယ်။

NN

Leave a Reply