ဘားအံမြို့ကို နှစ်လိုဖွယ်ရာမြို့အဖြစ် ပြသမည်

0
155

မန္တ​လေး၊ မတ်​ ၂၇၊ ၂၀၁၈

တရုတ်​နိုင်​ငံ တွင်​ကျင်းပပြုလုပ်​မည့်​ နှစ်​လိုဖွယ်​ရာမြို့ ​ရွေးချယ်​ပွဲ၌ ကရင်​ပြည်​နယ်​အတွင်းရှိ ဘားအံမြို့အား
မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာ မြို့အဖြစ် ရွေးချယ်​ပြသသွားမည်ဖြစ်ကြောင်း မြန်​မာ့ကုန်​သွယ်​မှုမြှင့်​တင်​​ရေးအဖွဲ့ က သိရသည်​။

တရုတ်​နိုင်​ငံ ကွမ်​ရှီကျန်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရဒေသ နန့်နင်းမြို့၌ ၂၀၁၈ခုနှစ်​ စက်​တင်​ဘာလတွင်​ တရုတ်​ – အာဆီယံ ကုန်​စည်​ပြပွဲကိုကျင်းပသွားမည်ဖြစ်ပြီး ယင်းကုန်စည်ပြပွဲတွင်​ ကုန်​စည်​ပြပွဲ​ဆောင်​၊ အမျိုးသားပြခန်း​ဆောင်​ စသည်ဖြင့် ခွဲခြားသတ်​မှတ်​ထားကာ အမျိုးသားပြခန်း​ဆောင်​​ခေါင်းစဉ်​​အောက်​တွင်​ အာဆီယံ နိုင်ငံများက နှစ်​လိုဖွယ်​ရာမြို့အဖြစ်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​ကြ​မည်ဖြစ်ကြောင်း သိရသည်။

“ဘားအံမြို့ကိုပြတယ်​ဆိုတာက ကရင်​ပြည်​နယ်​မှာ ရင်းနှီးမြုပ်​နှံမှု​တွေ ကုန်​သွယ်​မှု​တွေ တိုးမြင့်​ဖို့ရည်​ရွယ်​ပြီး ပြသွားမှာဖြစ်တယ် ။ ဒီလိုလုပ်မယ်ဆိုတာကိုလည်း ​နေပြည်​​တော်​ ကိုခွင့်​ပြုချက်​​တင်​ထားပါတယ်​။´´ ဟု မြန်​မာ့ကုန်​သွယ်​မှုမြှင့်​တင်​​ရေးအဖွဲ့ ဒုတိယညွှန်​ကြား​ရေးမှူး ဦးဝင်းသန်းက ပြောသည်​။

ထိုသို့ကုန်စည်ပြပွဲတွင် ဝင်ရောက်ပြသသည့်အတွက် ရင်းနှီးမြုပ်နှံမှုများကို နိုင်ငံတကာမှ စိတ်ဝင်စားလာပြီး ရန်ကုန် ၊ မန္တလေး စသည့်မြို့ကြီးများအပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မြို့များတွင်လည်း ရင်းနှီးမြုပ်နှံမှုများ ဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်ကကျင်းပသည့် တရုတ်​ – အာဆီယံ ကုန်​စည်​ပြပွဲတွင် ​တောင်​ကြီးမြို့အား နှစ်​လိုဖွယ်​ရာမြို့အဖြစ် ပြသခဲ့ပြီး Organizer ဆုရရှိခဲ့သည်​။

နိုင်လင်းဦး

Leave a Reply